မီးတောင်အနားမှာ သကြားလုံးကင် စားကြမလား





ဗင်နော့တူနိုင်ငံ Ambrym ကျွန်းစုရှိ အမြင့်ပေ ၁၃၁၂ပေနဲ့ အနက် မီတာ ၄ဝဝခန့်ရှိ မီးတောင်ရဲ့ထိပ်ဝမှာ သကြားလုံးကင်စားနေသူတစ်ဦးကို မြင် တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဗင်နော့တူနိုင်ငံ ဟာ သြစတြေးလျအရှေ့ ဘက် ပစိဖိတ် သမုဒ္ဒရာအတွင်းမှာတည်ရှိပြီး အလွန် ထင်ရှားတဲ့ မီးတောင်နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။

Marshmallow လို့ခေါ်တဲ့ သ ကြားလုံးတစ်မျိုးကို အနောက်တိုင်းမှာ တော့ စားသုံးကြပြီး ယင်းသကြားလုံး ကို ဗင်နော့တူမီးတောင်ထိပ်ဝမှာ ကင်စားလေ့ ရှိကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် မီးတောင်ထိပ်ဝ အနီးနားမှာ ယာယီတဲထိုး ကာ ကင်စားကြလေ့ရှိပါတယ်။

မီးတောင်မှထွက်ရှိလာတဲ့ချော် ရည်ပူနဲ့ မီးကင်စားတဲ့အနံ့နဲ့မို့ သကြားလုံး ကို ပိုကြိုက်ကြတယ်လို့ သိရပါ တယ်။ ယခု မှာတော့ မီးတောင်လေ့လာရေးပညာရှင် နှစ်ဦးဟာ ဗင်နော့တူမီးတောင်ထိပ်ဝမှာ သကြားလုံး ကင်စားရင်း ဘီယာသောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

Yangon Media Group


မှတ်ချက်များ