ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များကို မူးယစ်ဆေးဝါးနှင့်မှောင်ခိုစီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန်အတွက် ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းပြောကြား

တပ်မတော်၏ကိုယ်ပွားအဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များအနေ ဖြင့် တပ်မတော်သားများကဲ့သို့ ကျင့် ဝတ်၊ စည်းကမ်း၊ ဥပဒေများကိုတိကျစွာလိုက်နာ ရန်လိုအပ်ပြီး မူး ယစ်ဆေးဝါးနှင့် တရားမဝင် မှောင်ခိုစီးပွားရေးလုပ်ငန်းများတွင်ပါဝင်
ပတ်သက်မှုမရှိစေရန်အတွက်ထိန်းသိမ်းကြပ်မတ်ရန်လိုအပ်ကြောင်း
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
ပြောသည်။

နေပြည်တော်တွင်ဇန်နဝါရီ၅ရက်ညနေပိုင်းက ပြုလုပ်ခဲ့သည့် ပြည်သူ့ စစ် နှင့် နယ်ခြားစောင့်တပ်ဖွဲ့များမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံ ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ် သည်ဟု နိုင်ငံပိုင်သတင်းစာများနှင့် တပ်မတော်ပိုင်မြဝတီသတင်း စာတို့တွင် ဖော်ပြ ချက်အရသိရသည်။

ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များမှ ကိုယ်စားလှယ် ၂၆ဦးတက်ရောက် ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင်
 ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၏ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးရေးလုပ် ငန်းများ တွင်ပါဝင်ဆောင်ရွက်နေမှုများကို လည်း ကျေးဇူးတင်ရှိကြောင်းကိုလည်း တပ်မ တော်ကာကွယ်ရေးဦးစီး ချုပ်က ပြောကြား ခဲ့သည်။

ပြည်သူ့စစ်အဖွဲ့ပေါင်း ၅ဝဝဝ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ စတင်ကာ ရပ်ရွာကာကွယ် ရေးအတွက်ရည်ရွယ်ပြီး ပြည်သူ့စစ်အဖွဲ့များ ကို တပ်မတော်နှင့်အစိုးရတို့၏ အထောက် အပံ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်များမှာမူ ယ ခင်တပ်မတော်အစိုးရလက်ထက်က အပစ် ရပ်ထားခဲ့သည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များဖြစ်ပြီး ၂ဝဝ၈ အခြေခံဥပဒေကို လက်ခံကာ ယင်းဥပဒေအရ တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒေသအချို့ ရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်အချို့ သည် မူးယစ်ဆေးဝါးနှင့်တရားမ ဝင်မှောင်ခို ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်ပတ် သက်မှုများရှိကြကြောင်း ဒေသခံပြည်သူ အချို့က ဆိုကြသည်။

''ကျွန်တော်တို့ဘက်မှာဆိုရင် ဘိန်းစိုက်တာကအစ ပအိုဝ့်ပြည်သူ့စစ်ကို လိုင်းကြေးပေးမှစိုက်လို့ရတာ''ဟု ရှမ်းပြည် နယ်တောင်ပိုင်း ပင်လုံမြို့နယ်မှ ဘိန်းစိုက် တောင်သူတစ်ဦးကပြောသည်။

လေ့လာသူများ၏ အဆိုအရမူ မူးယစ်ဆေးနှင့် မှောင်ခိုကုန်သွယ်မှုလုပ်ငန်း များတွင် ပြည်သူ့စစ်နှင့် BGF များ သာမက တိုင်းရင်းသားလက်နက်ကိုင်များနှင့် အောက် ခြေအာဏာပိုင်များပါ ပါဝင်ပတ်သက်မှုရှိ ကြောင်း ဆိုကြသည်။

''အဓိကက တရားဥပဒေစိုးမိုး ရေးမရှိလို့ ဖြစ်တာပါ။ ပြည်သူ့စစ်နဲ BGF ကို ပြောလို့တော့မရဘူး။ ဒါပေမဲ့ တပ်မ တော်လက်အောက်မှာရှိတဲ့အတွက် သတိ ပေးတာလဲဖြစ်နိုင်တယ်။ မူးယစ်ဆေးလို ကိစ္စမှာတော့ တိုင်းရင်းသားလက်နက်ကိုင် တွေရော အောက်ခြေအာဏာပိုင်တွေပါ ပတ်သက်နေတဲ့အတွက် အခုလို ဗုံးပေါလ အောထွက်နေတာပါ။ တရားဥပဒေစိုးမိုး ရေးအတွက်ပါဆောင်ရွက်သင့်တယ်''ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် မှပြောခွင့်ရဦးစိုင်းလိတ်က ပြောသည်။

စိုင်းထွန်းအောင်ကျော် | Yangon Media Group

မှတ်ချက်များ