ကျောက်ဆည်မြို့တွင် စိုက်ထူထားမည့်ဗိုလ်ချုပ်ကြေးသွန်းရုပ်အတွက် ဖယောင်းပုံတူပြုလုပ်ပြီးစီး


မန္တလေး၊ ဇန်နဝါရီ ၁၆- ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ)ပြည့်အထိမ်းအမှတ် ဗိုလ်
ချုပ်ကြေးသွန်းရုပ် စိုက်ထူထားရှိမည့် အ မြင့် ၈ ပေရှိ ဗိုလ်ချုပ်အောင်ဆန်းမတ်ရပ်ကြေးသွန်းပုံအတွက် ဖယောင်း ပုံတူပြုလုပ်ပြီးစီးပြီဖြစ်၍ ဇန်နဝါရီလအတွင်း ကြေးသွန်းလောင်းတော့ မည်ဖြစ်ကြောင်း တမ္ပဝ တီကြေးသွန်းရပ် ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ကိုအောင်အောင်ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တုကို ကျောက်ဆည် မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်းနှင့် ဗိုလ်ချုပ် အောင်ဆန်းကို ချစ်မြတ်နိုးသူများ၊ြီူ ပါတီဝင်များက အများလှူဒါန်း ငွေဖြင့် မြို့အထင် ကရနေရာ၌ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့တွင် စိုက်ထူထားရှိမည်ဖြစ်သည်။

''အပ်နှံတဲ့ပုံစံအတိုင်း အချိုးကျဖြစ်အောင်လုပ်မှာပါ။ ပထမ မြေသားပုံစံ အကြမ်းရယူတယ်။ နောက်မြေသား ပုံစံကို ဖယောင်းကိုင် အချောဖော်တယ်။ ဖယောင်းပုံပြီးရင် ရွှံ့မြေသုံးလေးထပ်မံပြီး ကြေးသွန်း လောင်းပါ မယ်။ အချောသတ်အပြီးအစီးကို ဒီလအတွင်း ဆောင်ရွက် ပြီး အပ်နှံပါမယ်''ဟု ကိုအောင်အောင်ကပြော သည်။

ကျောက်ဆည်မြို့တွင် စိုက်ထူထားရှိမည့် ဗိုလ်ချုပ်အောင် ဆန်းကြေးသွန်းပုံတူမှာ အမြင့် ၈ ပေရှိပြီး
အောက်ခံအမြင့် ၆ ပေရှိ ကွန်ကရစ်ခုံပေါ်မှာထားရှိမည်ဖြစ်ရာ စိုက်ထူထားရှိမည့် ဦးစားပေးနေ ရာ ရရှိရေးအတွက် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကျောက်ဆည်မြို့မှ မန္တလေးတိုင်းဒေ သကြီးဝန်ကြီးချုပ်ထံ တင်ပြတောင်း ခံထားကြောင်းသိရသည်။

လှိုင်ထွေးအောင် | Yangon Media Group

မှတ်ချက်များ