ယာဘမူးယစ်ဆေးပြား တသိန်းနီးပါး ထိုင်းဖက်ကိုခိုးသွင်းလာသူနှစ်ယောက်ဖမ်းမိ
ယာဘမူးယစ်ဆေးပြား တသိန်းနီးပါး ထိုင်းဖက်ကိုခိုးသွင်းလာသူနှစ်ယောက် ကို မြ၀တီမြို့ကနေ၊ထိုင်းနိုင် ငံ၊တာခ်ခရိုင်ထဲက၊မဲဆောက်မြို့ကိုကူးအလားမှာ ထိုင်းအာဏာပိုင်တွေက တနင်္ဂနွေနေ့မနက်က ဖမ်းဆီး လိုက်ပါတယ်။
တနင်္ဂနွေနေ့မနက် ၆နာရီလောက်တုံးက၊မြ၀တီကနေ ရေလယ်ကျွန်းကိုဖြတ်ပြီး၊ မဲဆောက် ဖက်ကိုအတက်
ထိုင်းတာဝန်ရှိသူတွေက အထုတ်အပိုးတွေကို ရှာဖွေနေတုံးအစစ်ခံနေတဲ့လူတယောက်ကရုတ်တရက်ခုန် ဆင်းထွက်ပြေးသွားလို့ကျန်နှစ်ယောက်ကိုဖမ်းဆီးပြီးဆက်လက်စစ်ဆေးရာကယာဘ ဆေးပြား၈ သောင်း နဲ့မြန်မာကျပ်ငွေ ၄၂ သိန်းကျော်တို့ကိုရှာဖွေသိမ်းဆည်းလိုက်နိုင် တယ်လို့ မဲဆောက်အခြေစိုက်အမှတ် ၄ ဒေသကွပ်ကဲရေး တပ်ကတာဝန် ရှိသူတွေကပြောပါတယ်။
အဖမ်းဆီးခံရတဲ့နှစ်ယောက်ကတော့၊ကော့ကရိတ်မြို့နယ်၊ကျုံဒိုးရွာက၊မင်းကိုနိုင် ၂၇ နှစ်နဲ့ ပဲခူးတိုင်း၊က၀မြို့ က စိုင်းကိုကို ၂၀ နှစ်တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်စလုံးက ပစ္စည်းတွေအားလုံးဟာ၊ရှေ့ကထွက်
ပြေးသွား တဲ့သူရဲ့ပစ္စည်းသာဖြစ်သာဖြစ်ပြီး၊သူတို့ကအဲဒီလူနဲ့လည်းမသိဘူးလို့ငြင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ ယာဘဆေးပြား အလုံးတသောင်း လက်ဝယ်ပိုင်ဆိုင်ကြောင်း တွေ့ရှိရင် သေဒဏ် ကျခံရနိုင် ပါတယ်။
BBC


မှတ်ချက်များ