ကေပေါ့ အဖွဲ့သားများနှင့် ပွေ့ဖက်ခဲ့သည့် မလေးရှားမှ မိန်းကလေးများ အဖမ်းခံ ရမည့် အန္တရာယ်ကြုံတွေ့
မလေးရှားနိုင်ငံ၌ ကိုရီးယားကေ ပေါ့ ယောကျာ်လေးအဖွဲ့ B1A4 အဖွဲ့ဝင်များ အားဖျော်ဖြေပွဲတစ်ခု၌ မွတ် ဆလင်မိန်းကလေးများက ပွေ့ဖက်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ထိုမိန်းကလေးများမှာ အဖမ်းခံရ မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
မွတ်ဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံတွင် ထိုအဖြစ်အား လူထု က ဒေါသထွက်ခဲ့ပြီး ရှေးရိုးစွဲ အစ္စ လာမ်များက ကိုရီးယားကေပေါ့ဂီတနှင့် မိန်းကလေးများကို ပြစ်တင်ဝေဖန်ခဲ့သည်။ မွတ်ဆလင်သန့်စင်ရေး အာဏာပိုင် များက ထိုမိန်းကလေးများအား တစ်ပတ်အတွင်း လာရောက် အဖမ်းခံရန်နှင့် အဖမ်းမခံပါက လိုက်လံ ဖမ်းဆီးမည်ဟု ကြေညာထား သည်ဟု ဒေသခံ မီဒီယာများတွင်ဖော်ပြသည်။
ဗီဒီယိုထဲတွင်ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ ကေပေါ့အဖွဲ့ဝင်များက အစ္စလာမ်ခေါင်းဆောင်း ဝတ်ဆင်ထားသည့် ပရိသတ်မိန်းကလေးများကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခဲ့ သည်။
ကေပေါ့အဖွဲ့ဝင်များက ထိုပရိသတ်များအား စကားတီးတိုးပြောကာ ပွေ့ဖက်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးက ပရိ သတ်တစ်ဦး၏နဖူးကို နမ်းခဲ့သည်။ မလေးရှားအစ္စလာမ် အရပ်ဘက်ဥပဒေအရ လူထုကိုပြသသည့် ဖျော်ဖြေ ပွဲနှင့် ရုပ်သံထုတ်လွှင့်မှုများ အတွက် စည်းမျဉ်းများ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားသည်။ ထိုအဖြစ် အပျက်နှင့် ပတ်သက်၍ ဖေ့စ်ဘုတ်အသုံးပြုသူ တစ်ဦးက ‘ဘာသာရေး နှင့် ပတ်သက် ပြီး မသိနားမလည် သည့် မိန်းကလေး တွေ ဘယ်လောက် များလဲ ဆိုတာ ဒီဗီဒီယိုက ဖော်ပြနေပါတယ်’ ဟုရေးသား ခဲ့ပြီး အခြားတစ်ဦးကလည်း ထိုမိန်းကလေးများကို အပြစ်ပေးသင့်ဟု ရေးသားခဲ့သည်။
မလေးဘာသာဖြင့်ရေးသားထားသည့်ကာတွန်းတစ်ခုတွင် ဆီးရီးယားရှိ စစ်သွေးကြွများနှင့် သွားရောက်ပူး
ပေါင်းသူအမျိုးသမီးများကို ဂုဏ်ပြု ထားပြီး ကေပေါ့ပရိသတ် မွတ်ဆလင်အမျိုးသမီးများကို ဘာသာရေးထိ ခိုက် စေသည်ဟု အပြစ်တင်ထားသည်။
ဖေ့စ်ဘုတ်တွင် ဗုဒ္ဓဟူးနေ့ နေ့လယ်အထိ ထိုကာတွန်းကို LIKE လုပ်သူ သောင်း သုံးထောင်ကျော်ရှိ သည်။ ပရိသတ်မိန်းကလေးများ ကို ပြစ်တင်ဝေဖန်သူ အများအပြားရှိသလို အာဏာပိုင်များက အလွန် အကျွံ တုံ့
ပြန်နေသည်ဟု ထင်မြင်သူများလည်း ရှိသည်။ ဖျော်ဖြေပွဲစီစဉ်သူများက ထိုအဖြစ်အပျက်အတွက် တောင်း ပန်ထားသည်။ မလေးရှားအမျိုးသမီးငယ်နှင့် ဆယ်ကျော်သက် အများအပြားမှာ ဘာသာစကား ကန့်သတ် ချက်ရှိ သော်လည်း ကေပေါ့ ပရိသတ်များဖြစ်သည်။ ၂၀၁၃ အစောပိုင်းက မလေးရှားဝန်ကြီးချုပ် နာရဂျစ် ရာဇက်ဘာရီ ဆန် အမျိုးသားမဟာမိတ်အဖွဲ့၏ ဖိတ်ကြား ချက်ဖြင့် ကေပေါ့ အဆိုတော် PSY က ဂန်နန်းစ တိုင်သီချင်းကို လာရောက်ဖျော်ဖြေ ခဲ့ပြီး နိုင်ငံရေးထောက်ခံမှုရရှိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာ သူ များက မှတ်ယူကြ သည်။
The Ladies News Journal

မှတ်ချက်များ