လူငယ်တွေ သိသင့်သော ၁၃ ချက်


လူလောကကြီးက အကုန်လုံးအတွက် တူညီသော အခွင့်အရေးကို ပေးလိမ့်မယ်လို့ မထင်ပါ။

လူလောကကြီးအကြောင်း အသက် ၂၀ မတိုင်ခင်မှာတော့ မိဘတွေက သိပ်ပြီးပြောမှာမဟုတ်ပါ။

အသက် ၂၀ ကျော်လာပြီပြန်ရင်လည်း ကိုယ်ရဲ့သားသမီးကို လူ့လောကကြီးအကြောင်းကို သင်ပေးသူရှိသ လို မသင်ပေးသူလည်းရှိပါလိမ့်မယ်။

မသိသေးသောသူများအတွက် အသက် ၂၀ ပတ်ဝန်းကျင်အရွယ်မှာဘာကိုလုပ်သင့်သလဲဆိုတာကို ပြောပြ ပါရစေ။

၀၁. အလုပ်က အရေးကြီးပါတယ်။

အလုပ်ရှိဖို့ဆိုတာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ကျောင်းတတ်နေသေးရင်တော့ အလုပ် လုပ်ဖို့မလိုပင်မဲ့ ကျောင်းပြီးရင်တော့ အလုပ်ကို လုပ်ရပါတော့မယ်။

အလုပ်ဝင်တဲ့အချိန်ကနေစပြီး ကိုယ့်ရဲ့ဘဝကြီးက အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်လို့ မတွေးပါနဲ့။ ကိုယ်က စိတ်ပါဝင်စားလုပ်နိုင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်ပါ။

ဒါမှသာလျှင် အလုပ်ကနေ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းတွေကို ကိုယ်တိုင်ပင် ရှာဖွေတွေ့ရှိနိုင်မှာပါ။

၀၂. အားလုံးကို သိရန်မလိုပါ။

လောကမှာ ဖြစ်နေတဲ့အကြောင်းတွေကို သိသင့်သလောက်သာ သိဖို့လိုပါတယ်။ ကိုယ်နဲ့မပတ်သက်တဲ့ နည်းပညာတွေကိုပါ အချိန်ယူပြီး လေ့လာနေရင်တော့ ကိုယ်က တကယ်လုပ်ရမဲ့အလုပ်က ဖြစ်သင့်သ
လောက်ဖြစ်တော့မှာ မဟုတ်ပါ။

၀၃. နေ့စဉ်မှတ်တမ်းရေးသင့်ပါတယ်။

အသိဥာဏ်ဆိုသောအရာဟာ ချက်ချင်းမေ့သွားလေ့ရှိပါတယ်။ ပျော်နေတဲ့အချိန်ဖြစ်စေ၊ ဝမ်းနည်းနေသော အချိန်ဖြစ်ရင် ဖြစ်စေ၊ မမှတ်ထားရင်တော့ မေ့သွားပါလိမ့်မယ်။

ကိုယ့်ရဲ့ဘဝမှတ်တမ်းကို မေ့သွားပြီဆိုရင်တော့ နှမြောစရာပါ။ အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြန်ဖတ်နိုင်သလို ကောင်းချက်လေးတွေ၊ ပြင်ဆင်ရမဲ့အချက်လေးတွေကိုပြန်လည်သုံးသပ်သင့်ပါတယ်။

၀၄. ကိုယ့်ရဲ့ အားသာချက်ကို သိအောင်လုပ်ပါ။

ကိုယ်က ဘယ်လိုလူလဲဆိုတာကို သိအောင်လုပ်ဖို့အထူးလိုအပ်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်တိုင်နား မလည်ရင် သူများကဆိုရင် ပိုဆိုးပါလိမ့်မယ်။

ကိုယ်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိမှသာလျှင် ကိုယ်ရဲ့ဘဝရည်မှန်းချက်အတိုင်း တက်လှမ်းနိုင် ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာကိုလည်း စဉ်းစားနိုင်မှာပါ။

၀၅. သူငယ်ချင်းတွေနဲ့ ကင်းဝေးလာလိမ့်မယ်။

ကျောင်းတုန်းကလို သူငယ်ချင်းတွေနဲ့ ဝေးလေးဝါးလား လုပ်ဖို့အချိန်ဆိုတာလည်း နည်းလာပါလိမ့်မယ်။ သူငယ်ချင်းတွေလည်း ဘယ်ကိုရောက်လို့ရောက်မှန်း မသိတော့ပါ။ယခုလက်ရှိ သူငယ်ချင်းတွေကို တန်ဖိုး ထားစေချင်ပါတယ်။

၀၆. အဆင်ကို မပြေတာပါ။

အလုပ်ခွင်ထဲရောက်ပြီဆိုရင် အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ အဆင်ကိုမပြေနိုင်သော အချိန်ကာ လတွေကို ဖြတ်သန်းရမှာပါ။

ပြသာနာတခုကို ဖြေရှင်းပြီးသွားလို့ ခဏလေးနားမယ်လုပ်တုန်း နောက်ပြသာနာတခုက ပေါ်စမြဲပါ။ ဖြစ်ကိုဖြစ်မှာပါ။

ဖြစ်ခဲတဲ့အကြောင်းကို အကောင်းချည်းပဲမှတ်ပြီး ရယ်ပစ်လိုက်စမ်းပါ။ အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းတွေ ဟာ အချိန်အတိုင်းအတာတခုကို လွန်မြောက်သွားရင်တော့ ရယ်စရာတွေပါ။လောကကြီးမှာ လိုက်ရော ညီထွေစွာ နေထိုင်တတ်ဖို့အရေးကြီးပါတယ်။

၀၇. ဇယားချပါ။

ကိုယ့်ရဲ့ဘဝ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သေသေချာချာ စဉ်းစားပြီးမှ စနစ်တကျ တဆင့်ပြီးတ ဆင့်ပြီး လှေကားတက်သလို သွားပါ။

ငယ်သေးတယ်လို့ခံယူထားပြီး ဘာမှမစဉ်းစားပဲ လုပ်ကွာ လို့စိတ်ထဲထင်ရာတွေကိုလုပ်ရင်တော့ အောင်မြင် ဖို့ ခဲယင်းပါတယ်။

၀၈. ပိုက်ဆံမရှိပါ။

ငယ်တဲ့အချိန်မှာ လက်ထဲမှာ ပိုက်ဆံမရှိတာ အားလုံး အလားတူပါပဲ။ သုံးသင့်သောနေရာမှာတော့ ပိုက်ဆံ ကို သုံးဖို့ မနှေမြောပါနဲ့။

၀၉. အလုပ်ဆိုတာ ပြောင်းနိုင်ပါတယ်။

လူဘဝမှာ အနှစ်၄၀လောက် အလုပ်လုပ်ရမှာပါ။ တကယ်လို့အလုပ်မှာ အဆင်မပြေသလို ကိုယ်နဲ့မကိုက်
သောအလုပ်ဖြစ်မယ်ဆိုရင် အလုပ်ကိုပြောင်းနိုင်ပါတယ်။

ကြိုးစားပြီး သည်းခံပြီးလုပ်ခဲ့တဲ့အလုပ်မှာ စိတ်မပျော်သလို ဆက်လုပ်ဖို့စိတ်ကူးမရှိတော့ရင် အလုပ်ကို
 ပြောင်းကြည့်ပါ။

၁၀. ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့။

အလုပ်ထဲမှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် သူကဘယ်လိုထင်မလဲလို့ အမြဲတွေးပြီး စဉ်းစားနေရင်တော့ ကြာလာရင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။

ယုံမယုံတော့မသိပါ။ သင့်ကို ပတ်ဝန်းကျင်က ကိုယ်ထင်သားသလောက် ဂရုမစိုက်ဘူးဆိုတာကိုပါ။ ကိုယ် စိတ်ထဲမှာသာ ထင်ထားတာပါ။ လက်တွေ့မှာတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြမှာပါ။

၁၁. စွန့်စားကြည့်ပါ။

မဖြစ်နိုင်ဘူးထင်ရပင်မဲ့ လုပ်ကြည့်ချင်တယ်လို့ စိတ်ထဲမှာတွေးမိရင် လုပ်ကြည့်ပါ။ လုပ်ကြည့်မှသာလျှင် ဖြစ်မဖြစ်သိမှာပါ။

ဘာမှမလုပ်ပဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှာလဲ မဟုတ်ပါ။ ချော်လဲမှာကို မကြောက်
သောသူသာလျှင် ပန်းတိုင်အထိကို ပြေးနိုင်မှာပါ။

၁၂. သူများနဲ့ ယှဉ်ကြည့်ပါ။

တစ်ခါတစ်လေတော့လည်း သူများနဲ့ယှဉ်ကြည့်ပါ။ ကိုယ်ကဘယ်လို အခြေအနေလဲဆိုတာကို ပြန်လည်သုံး သပ်နိုင်ပါလိမ့်မယ်။

၁၃. အောင်မြင်မှုအတွက် ဖြတ်လမ်း မရှိပါ။


အောင်မြင်နေတဲ့သူတွေမှာ ဆုံးရှံးမှုတွေ၊ ဝမ်းနည်းစရာတွေ၊ ဒဏ်ရာတွေနဲ့ ပြည့်နှပ်နေပါတယ်။လွယ်လွယ် နဲ့တော့ သူဌေးမဖြစ်နိုင်ပါ။ လောကဒဏ်ကို ခံပြီးမှသာလျှင် အောင်မြင်ခြင်းပန်းတိုင်ကို ရောက်ရှိမှာပါ။

Chelmo Team

မှတ်ချက်များ