ဗုဒ္ဓရုပ်ပွားတော်ကို လှည်းကူးသံဃာနာယက ဘာ့ကြောင့်ဖျက်စီးခိုင်းတာလဲ


လှည်းကူး မှန်ကုန်းကျေးရွာမှာ ပြီးစီးလုနီးပါးဖြစ်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ၄၅ရက်အတွင်း ဖျက်စီးပြီးဖယ် ရှားပေးဖို့ မြို့နယ်သံဃာ့နာယကအဖွဲ့ရဲ့ အမိန့်ကို ဆရာတော် ဦးဥတ္တရက အသက်နဲ့လဲပြီး လွန်ဆန်သွား မယ်လို့ ဇန်နဝါရီ ၁၁ရက်နေ့က ပြောခဲ့ပါတယ်။ မြို့နယ်သံဃာ့နာယကအဖွဲ့ ဘာ့ကြောင့် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်စီးခိုင်းတာလဲ။

ငြိမ်းချမ်းကျော်ရွှေမန်းကျောင်းတိုက်မှာ ၂ဝဝ၁ခုနှစ်က ယာယီသီတင်းသုံးခဲ့တဲ့ လက်ခတ်တောင်ဆရာတော် ကို ကျောင်းတိုက်နဲ့တစ်ဆက်တည်းဖြစ်တဲ့မြေကို မြေပိုင်ရှင်တွေက နှုတ်နဲ့လှူဒါန်းခဲ့ရာက ဦးဥတ္တရက လက် ခတ်တောင်ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ဉာဏ်တော် ၂၇တောင်မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပြပါခဲ့ပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ကို တည်ဆောက်မှု ၇၅% ပြီးစီးလုအခြေအနေမှာ မြေပိုင်ဆိုင်ကြောင်း ပိုင်ရှင်တစ်ယောက် က အထောက်အထားနဲ့ တင်ပြတောင်းဆိုလာလို့ မြေပြန်လွှဲပေးခဲ့ပေမယ့် ရုပ်ပွားတော်နဲ့ အဆောက်အအုံ ကို လှည်းကူးမြို့နယ်သံဃာ့မဟာနာယကအဖွဲ့က ဖျက်စီးဖယ်ရှားခိုင်းခဲ့ကြောင်း၊ သူ့အနေနဲ့ အသက်အသေ ခံ၊ ထောင်ကျခံပြီး ရုပ်ပွားတော်ကို မဖျက်စီးနိုင်ဘူးလို့ ဆိုပါတယ်။

သူတို့ရွာမှာ ကျောင်းတစ်ဆောင်၊ ဘုရားတစ်ဆူ မရှိခဲ့တာကြောင့် အခုလို ရုပ်ပွားတော် ထုလုပ်တည်
ဆောက်မှု ပြီးစီးလုနီးမှ ဖြစ်ရတဲ့အပေါ် စိတ်မကောင်းသလို ဘုရားတစ်ဆူတည်ရင်လည်း ကြုံရာနေရာ တည်လို့မရတဲ့အကြောင်း ရွာခံ ဦးအုန်းဟန်က ပြောပါတယ်။

ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်စီးဖယ်ရှားခိုင်းတာကို ရွာသူရွာသားတွေ သဘောမတူနိုင်တဲ့အကြောင်း ကျေး ရွာသား ၁၄၂ယောက်က လက်မှတ်ထိုးပြီး ဒီလိုမဖြစ်အောင် တတ်နိုင်သရွေ့ တားဆီးသွားမယ်လို့ ကိုကျော် မင်းနိုင်ကဆိုပါတယ်။

အတုလံ အတုမရှိတဲ့ မြတ်စွာဘုရားရဲ့ ဆင်းတုတော်ကို ဖျက်စီးပစ်ရမယ်ဆိုတာအစဉ်အလာမရှိတာကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဝမ်းနည်းမိသလို ဒီလိုဖြစ်တာ သမိုင်းကြောင်းမကောင်းဘူးလို့ အသက် ၈၁နှစ်အရွယ် ရွာသားကြီး ဦးမြဟန်က ဆိုပါတယ်။



kamayutmedia

မှတ်ချက်များ