လူမှုရေးဖောက်ပြန်မှုကြောင့် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတစ်ဦး၊ စာရေးမတစ်ဦး ရာထူးမှဖယ်ရှားခံရ


လူမှုရေးဖောက်ပြန် မှုကြောင့် မောင်တောမြို့နယ်အုပ် ချုပ်ရေးမှူးအပါအဝင် ဒုဦးစီး တစ်ဦးနှင့် အမျိုးသမီး စာရေးဝန် ထမ်းတို့အား ရာထူးမှဖယ်ရှား လိုက်ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသည့် သားတစ်
ဦးမိခင် အိမ်ထောင်သည် စာရေးဝန်ထမ်းတစ်ဦး မြို့မှရုတ် တရက်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် လူမှု ရေး ဖောက်ပြန်မှုများဖြစ်ပွား ကြောင်း သတင်းများထွက်ပေါ် လာ၍ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ဝန်ထမ်းအချို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုများပြု လုပ်ခဲ့ရာ ၎င်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် မောင်တောမြို့မှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်း မောင်တောမြို့မှ ထွက် ခွာသွားရန်စီစဉ်ဆောင်ရွက်ခဲ့ ခြင်းမှာ ရိုးသားမှုမရှိခြင်း၊ လူမှုရေး ဖောက်ပြန်
ခြင်းတို့ကြောင့် မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်းမောင်တော မြို့မှ ထွက်ခွာစဉ်လိုက်ပါပို့ဆောင်ပေးခဲ့သူ ဒုဦးစီးမှူးတစ်ဦးကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ် သည်။

လက်ရှိတွင် မောင်တော နယ်စပ်မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကို ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူးက ယာ ယီတာဝန်ယူ ထားသည်။ မောင်တောမြို့နယ် တွင် မြို့နယ်အဆင့် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်ခဲ့ သည့် မယကဥက္ကဋ္ဌနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှာ လူမှုရေးဖောက်ပြန်မှုကြောင့် ဒေသပြောင်းရွှေ့ခံ ရခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရမှုများ မကြာခဏ ဖြစ်နေကြောင်း သိရသည်။

7day

မှတ်ချက်များ