သမ္မတက ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို ရှောင်ရှားလို၍ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ယခုတွေ့ဆုံမှုသည် ခြောက် ပွင့်ဆိုင်တွေ့ဆုံမှုမဟုတ်ဘဲ တိုင်း ရင်းသားရေးရာဝန်ကြီးများပါဝင် နေသည့် အတွက် တိုင်းရင်းသား ရေးရာဝန်ကြီးများသည် အစိုးရ အဖွဲ့ဝင်များသာဖြစ်ကြောင်း ဒေါ် အောင်ဆန်းစု ကြည်ကပြောကြား သည်။
မည်ကဲ့သို့သော မူအရ ထို ပုဂ္ဂိုလ်များအား ဖိတ်ကြားသည်ဆို ခြင်းကို နားမလည်ကြောင်း၊ မသိ ကြောင်း၊ စဉ်းစားရခက်ကြောင်း ၎င်းကဆိုသည်။
ပါတီ ခေါင်းဆောင်များ လည်းမဟုတ်ဘဲ၊ လွှတ်တော်တွင်း အဖွဲ့ ခေါင်းဆောင်များလည်း မဟုတ်ဘဲ ယခု တိုင်းရင်းသားရေး ရာဝန်ကြီးများကို ဖိတ်ကြားခြင်း မှာ မည်ကဲ့သို့သော မူကို အခြေခံ ၍ ဖိတ်ကြားခြင်း
ဖြစ်သည်ကို သမ္မတအား ပြန်လည်မေးမြန်းကြ စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် များအား ပြောကြားသည်။
ဇန်န၀ါရီ ၁၂ ရက်က သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သမ္မတနှင့် နိုင်ငံရေးခေါင်း ဆောင်များ တွေ့ဆုံပွဲ အပြီး၌ ဒေါ် အောင်ဆန်းစုကြည်က ၎င်းနေ အိမ်၌ သတင်းစာ ရှင်းလင်းပွဲ လုပ်၍ အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် အာ လာပသလ္လာပမျှသာ ပြောကြားခဲ့ ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအပါအ၀င် တပ်နှင့် ပတ် သက်၍ ကာချုပ်က ဘာမှ မပြော ကြောင်း ဒေါ်အောင် ဆန်းစုကြည် ကပြောကြားသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများကို စည်း ရုံးရေးလုပ်ငန်းများလုပ်ဆောင်ရာ တွင် ပြည်သူ အများစုမှာ ဖွဲ့စည်း ပုံပြင်ဆင်ရေးကို ကြားလည်း မကြားဖူး၊ မြင်လည်း မမြင်ဖူး၊ ဖတ်လည်း မဖတ်ဖူးသည် ကိုတွေ့ ရသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
‘‘အန်တီတစ်ခုစဉ်းစားမိတာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူက စိတ်မ၀င်စားဘူးဆို တာကို လက်ခံရ မယ်ဆိုရင် ၂၀၀၈တုန်းက ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံပါတယ်ဆိုတဲ့ကိစ္စကို အများကြီး ပြန်စဉ်းစားရ
တော့မလိုဖြစ်နေတယ်။ ဘယ့်နှယ်လုံးဝ စိတ်မ၀င်စား၊ ဘာမှမသိတဲ့ ပြည် သူလူထုက ၉၂ ရာခိုင်နှုန်းကျော်
ထောက်ခံထားပါတယ်ဆိုတာ တစ်ခုခုတော့ အရှေ့အနောက် မညီဘူးလို့ပြောရမှာပဲ’’ ဟု ကာ ကွယ်ရေးဦးစီး ချုပ်၏ ခြေဥ အတည်ပြုရန် ဆန္ဒခံယူပွဲတွင် ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့် အတည်ပြု ခဲ့ကြောင်းပြောကြားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခု ၄၈ ဦးတွေ့ဆုံမှုသည် ပြည်ထောင်စု လွှတ်တော်မှ တောင်းဆိုထားသည့် ခြောက်ပွင့် ဆိုင်နှင့် မတူ ဘဲ ယေဘုယျဆန် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။
‘‘အန်တီတို့ ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်က ဒါတွေဆွေး နွေးမှာ မဟုတ်ဘူး။ ဥပမာရွေး ကောက်ပွဲနဲ့ ပတ် သက်လို့ ဦး တင်အေးရှင်းပြတာတွေက အ ရေးမကြီးဘူးမဟုတ်ပါဘူး၊ ကြီး တယ်။ ဒါပေမဲ့ ဒါတွေက အန် တီ တို့ နိုင်ငံရေးပါတီတွေအားလုံး သိပြီးသား။ အခု ၄၈ ယောက်ဆို တော့ ယေဘုယျဆန်တာပေါ့’’ဟု ၎င်း ကပြောသည်။
ယနေ့တွေ့ဆုံမှုတွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် သမ္မတဖိတ်ကြားစာ ၌ ပါဝင်သော
ခေါင်းစဉ်သုံးခု ဖြစ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်
ရေး၊ နိုင်ငံရေဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုသည့် အချက်သုံးချက်အပေါ် သုံးသပ်အကြံပြုချက်ကို နောက် ရက်များတွင် ပါတီမှ တရားဝင်ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောကြားသည်။
အေးသူစံ၊ ရန်မျိုးနိုင် | 7day

မှတ်ချက်များ