ပါရီက အလိုရှိနေသော အမျိုးသမီးတစ်ဦး ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်


မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပါရီမြို့ အကြမ်းဖက် တိုက်ခိုက်မှုများ နှင့် ဆက်နွှယ်မှု ရှိသည်ဟု သံသယ ရှိသည့် အမျိုးသမီး တစ်ဦးသည် ဇန်နဝါရီ ၈ ရက်က ဆီးရီးယားနိုင်ငံ ထဲသို့ ဝင်ရောက်ခဲ့ကြောင်း တူရကီနိုင် ငံခြားရေး ဝန်ကြီး မက်ဗိလုဒ်ကာ ဗူဆိုဂလုဒ်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

ပါရီမြို့ရှိ ကုန်ပဒေသာတိုက် တစ်ခုတွင် ဇန်နဝါရီ ၉ ရက်က ဓားစာခံလေးဦးအား သတ်ဖြတ်ခဲ့သူ အာမီဒီကို လီဘာလီ၏ အမျိုးသမီး ဖြစ်သူဟာယက်ဗောင်မီဒင်းသည် ဆီးရီးယားနိုင်ငံထဲသို့ မဝင်ရောက်ခင် ဇန်နဝါရီ ၂ ရက်က မက်ဒရစ်မြို့မှ တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ ကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို နိုင်ငံပိုင် သတင်းအေဂျင်စီ ဖြစ်သည့် အနာဒိုလူကသတင်း ဖော်ပြသည်။

၎င်းသည် တူရကီနိုင်ငံသို့ ရောက်ရှိချိန်က အစ္စတန်ဘူလ်မြို့ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့ ကြောင်း နိုင်ငံ
ခြားရေးဝန်ကြီးက ထပ်မံပြောကြားသည်။

ပါရီမြို့ရှိ အကြမ်းဖက်တိုက် ခိုက်မှုမှာ သေနတ်သမားများက မဂ္ဂဇင်းတိုက်တစ်ခုကို စီးနင်းတိုက် ခိုက်ပြီး လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ် ဖွဲ့ဝင်များက ကိုလီဘာလီဖမ်းဆီးထား သည့် ဓားစာခံ ၁၅ ဦးကို ကယ်တင် နိုင်ခဲ့သည်။

Myanmaalinn

မှတ်ချက်များ