မွေးရာပါ ရှေ့သွား နှစ်ချောင်းပါ ကလေးငယ်တစ်ဦး အမေရိကန်တွင် မွေးဖွား



အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ မွေးရာပါ ရှေ့သွားနှစ်ချောင်းပါတဲ့ ကလေးငယ်တစ်ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မွေးရာပါရှေ့သွားနှစ်ချောင်းပါလာတဲ့ကလေးငယ်တစ်ဦးကို မွေးဖွား ခဲ့တဲ့အမျိုးသမီးကတော့ Jaklina Bailey လို့အမည်ရပြီး သူမမွေးဖွားခဲ့တဲ့ ကလေးငယ်ဟာ သမီးလေးဖြစ်တယ်လို့လည်း သိရပါ တယ်။

ယင်းကလေးငယ်လေးကို မစ်ဇူရီပြည်နယ်ရှိ ဆေးရုံမှာ လွန်ခဲ့တဲ့ ဒီဇင်ဘာ၂၈ရက်က မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူ Jaklina Bailey က ''ကျွန်မ သမီးငယ်လေးကို မွေးဖွားသန့်စင်ခဲ့ အပြီးမှာတော့ ဆရာဝန်တွေ အတော်လေးအံ့သြခဲ့ကြပြီး သူနာပြုဆရာမတွေနဲ့ အခြား သောဆရာဝန်တွေကလဲ လာရောက်ကြည့်ရှုခဲ့ တယ်''လို့ ပြောဆိုခဲ့ပါတယ်။

သူမရဲ့ကလေးငယ်ကို မွေးဖွားသန့်စင်ပေးတဲ့ဆရာဝန်ဖြစ်သူကလည်း သူ့ ဆရာဝန်ဘဝ သက်တမ်း တစ်လျှောက်မှာ ကလေး ၄ဝဝဝ လောက် မွေးဖွားပေးခဲ့ပြီး အဲဒီ ကလေးငယ်တချို့ဟာ မွေးရာပါအောက် သွားတွေပါတယ်လို့ ပြောပါတယ်။

Yangon Media Group

မှတ်ချက်များ