တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကို စောင့်ကြည့်မှု ပိုများလာ
ယခုနှစ်ဆန်းပိုင်းမှစ၍ လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် နိုင်ငံရေး သမားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့် လေ့လာခြင်း၊ နောက်ယောင်ခံ လိုက်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်း ယူခြင်း၊ စုံစမ်းထောက်လှမ်းခြင်း များ ပိုမိုကြုံတွေ့လာရကြောင်း တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံ ရေးအင် အားစုများထံမှ သတင်း ရရှိသည်။
ယခုနှစ်ဆန်းပိုင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦးနှင့် ကုလလူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီတို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊
နိုင်ငံ ရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရာ တွင် ပါဝင်ခဲ့သူများနှင့် ပွဲသတင်း အချက်အလက်များကို သာမန် ထက်ပို၍ စုံစမ်းထောက်လှမ်းမှု များ ကြုံရကြောင်း သတင်းရရှိ သည်။
‘‘ဒီရက်ထဲ အရင်ထက် ပို အလိုက်ခံရတယ်။ အမေရိကန် သံရုံးရှေ့မှာဆိုရင် ကျွန်တော်တို့ကို ပရော်ဖက် ရှင်နယ်ကင်မရာနဲ့ ကို ရိုက်တာ။ ကျွန်တော်တို့က အမြဲအလိုက်ခံနေရတာပဲ။ ဒါပေမဲ့ ဒီရက်ပိုင်းက ပိုပြီး အတင့်ရဲလာတယ်။ ကျွန်တော်ကတော့ ၂၀၁၅ ရွေးကောက်ပွဲရယ်၊ နောက်တစ်ခုက လူငယ်တွေ လှုပ်ရှား မှုတွေ ပိုများလာလို့ ဒီလိုလိုက်နေတာလို့ ထင်တယ်’’ ဟု အမျိုးသားပညာရေး ဥပဒေ သပိတ် မှောက်ပွဲတွင် ပါဝင်ထားသည့် လူငယ်ရေးရာနှင့် အမုန်းစကားမပြန့်ပွားရေး အစီအစဉ်တို့ကို ဆောင်ရွက်နေသည့် ကိုသက်ဆွေဝင်း က ပြောကြားသည်။
လူ့အခွင့်အရေး လှုပ်ရှားသူ နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပေါ် ဖိနှိပ်မှုများ ပိုများလာနေ ပြီး အွန်လိုင်း တွင် အပုပ်ချမှုများ လည်း ယခင်ကထက် ပိုဖြစ်ပေါ်လာနေကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်း က ပြောကြားသည်။
‘‘နောက်က လိုက်တာတွေ ပိုဆိုးလာတယ်။ ကုလစုံစမ်းရေး အရာရှိနဲ့ တွေ့တဲ့သူတွေကို ပေါ် တင်ဓာတ်ပုံ ရိုက်တာတွေ များနေ တယ်။ တကယ်ဒီမိုကရေစီစစ် မှန်ရင် အရပ်ဖက် အဖွဲ့အစည်း တွေကို ရန်သူလို့ မမြင် ပါနဲ့’’ ဟု ၎င်းကပြောကြားသည်။
အစိုးရနှင့် နိုင်ငံရေးအင် အားစုများကြား အပြန်အလှန် ယုံ ကြည်မှုတည်ဆောက်နေချိန်တွင် အစိုးရကိုယ် တိုင်က ၎င်းတို့အပေါ် အယုံအကြည် မရှိဘဲ ၎င်းတို့လှုပ် ရှားမှု မှန်သမျှကို နောက်မှရဲ ထောက်လှမ်းရေး များက တောက် လျှောက်လိုက်နေကြောင်း ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ဦးကို ကို ကြီးက ပြောသည်။
ရဲထောက်လှမ်းရေးအချို့ သည် တက်ကြွလှုပ်ရှားသူများ၏ အစည်းအဝေးများကို နေ့ရက်နှင့် အချိန်၊ ဆွေး
နွေးသည့်အကြောင်း များကအစ ဖုန်းဖြင့် အသွင်ယူ မေးမြန်းခြင်း၊ စုံစမ်းခြင်းတို့ ပြု လုပ်နေသဖြင့် စကားမ ကျွံမိစေ ရန် အချင်းအချင်း အပြန်အလှန် သတိပေးနေကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောကြား သည်။
နိုင်ငံတွင် လုံခြုံရေးနှင့် သတင်းအချက်အလက်များကို စုံစမ်းစုဆောင်းခြင်းမှာ နိုင်ငံတိုင်း တွင် လုပ်လေ့ရှိပြီး အမျိုးသားလုံ ခြုံရေးအတွက် သတင်းအချက် အလက် စုဆောင်းခြင်းများကို တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံ
ရေးသမားများသာမက ရပ်ကွက် တိုင်း၊ မြို့နယ်တိုင်းတွင် ထူးခြား ဖြစ်စဉ် သတင်းများ စုဆောင်း ခြင်း သာဖြစ်ကြောင်း ရဲသတင်း တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားသည်။
အေးသူစံ | 7day

မှတ်ချက်များ