မီးမလောင်ဘဲကျန်ရစ်ခဲ့သည့် တောင်ငူမြို့မဈေးကြီးရှိ သံဈေးရုံခေါင်မိုး ရေတံလျှောက်ပေါ်မှ သံချေးတက်စ ဗုံးတစ်လုံးတွေ့ရှိ
ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့မ ဈေးကြီးရှိ မီးမလောင်ကျွမ်းဘဲကျန်ရှိနေသည့် ရုံအမှတ်(၁၅)သံဈေးရုံရေ တံလျှောက် အတွင်းမှ သံချေးများတက်စပြု နေပြီး မပေါက်ကွဲသေးသည့် လက်ပစ် ဗုံးတစ်လုံးအား ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက တွေ့ရှိခဲ့မှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''လက်ပစ်ဗုံးက (၉၁)အမျိုး အစားလက်ပစ်ဗုံးပါ။ ပင်မပြုတ် သေးပါဘူး။သံချေးတော့တက်စပြု နေပါပြီ''ဟု
တောင်ငူအမှတ်(၂) ရဲ စခန်းမှူး ရဲအုပ်အေးဇော်က အတည် ပြုပြောကြားသည်။
အုတ်တွင်းမြို့နယ် သစ်တော ကျေးရွာနေ လက်သမားခေါင်းဆောင် ကိုဇော်၊ ကိုသန်းဇော်ဦး၊ ကိုကျော် နိုင်၊ ကိုစိုးမင်းအောင်၊ ကိုစိုးမင်းနိုင် နှင့် ကိုသက်ဆိုသူတို့သည် ဈေးခေါင် မိုးပြုပြင်ရန်အတွက် နံနက် ၇ နာရီ ခွဲက ဈေးသို့ရောက်ရှိလာခဲ့ကြပြီး ၄င်းတို့အနက်မှ စိုးမင်းအောင်နှင့် စိုးမင်းနိုင်တို့နှစ်ဦးမှာ ရေပိုက်မှ
တစ်ဆင့် ဈေးရုံခေါင်မိုး ရေတံ လျှောက်တက်ရောက် ရှင်းလင်းရာ မှ ယခုကဲ့သို့ လက်ပစ်ဗုံးအား တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။
''အလုပ်သမားတွေ ဈေးရုံအ မှတ်(၁၅)သံဈေးရုံရဲ့အရှေ့ဘက် ခြမ်း အမှတ်(၄)နဲ့အမှတ်(၅)ဝင် ပေါက်အ ကြား ရေတံလျှောက်ပြင်ဖို့ ခေါင်မိုးပေါ်တက်ကြရင်း နံနက် ၉ နာရီလောက်မှာတွေ့ခဲ့ကြတာပါ'' ဟု ဈေးတာ ဝန်ခံဦးနိုင်ဝင်းက ပြော ကြားသည်။
ဈေးကြီးမီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာတွင် အဆိုပါသံဈေး ရုံဟုခေါ်သော ရုံအမှတ်(၁၅)မှာ မီး လောင် ကျွမ်းခြင်းဘေးမှ နှစ်ကြိမ် လုံး လွတ်ကင်းခဲ့သော်လည်း ဈေး အသစ်ပြန်လည်တည်ဆောက်ခဲ့ ကြသည့်အခါ ရုံအမှတ်(၁၅)သံဈေး ရုံအားဖြိုချရန် ဈေးသစ်ပြန်လည် တည်ဆောက်ရေးအဖွဲ့မှ စီစဉ်ဆောင် ရွက်ရာ ဈေး သူဈေးသားများက နှစ် ကြိမ်လုံးကန့်ကွက်ခဲ့ကြသဖြင့် ရုံ အမှတ်(၁၅)သံဈေးရုံမှာ ယခုထက်တိုင် ရောင်း ဝယ်ဖောက်ကားနေကြ ခြင်းဖြစ်သည်။
တွေ့ရှိခဲ့သော လက်ပစ်ဗုံး အား စစ်မြေပြင်အင်ဂျင်နီယာတပ် သို့ နံနက် ၁၁နာရီတွင် လွှဲပြောင်း အပ်နှံလိုက်
ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးစောသန်းလွင်က အ တည်ပြုပြောကြားခဲ့သည်။
Democracytoday

မှတ်ချက်များ