![]() |
| ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအဆောက်အအုံများတွင် ပါဝင်သော တရားရုံးချုပ်ဟောင်း အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း) |
ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဝင်းခိုင်က ပြောသည်။
‘‘MIC မှာ လာတင်ထားတဲ့ အဆောက်အအုံတွေ အကုန်ကို ခွင့်ပြုပေးလိုက်တာပါ။ စာရင်းအတိအကျကို မကြာခင် ထုတ်ပြန်ပေးပါ့မယ်’’ဟု ဦးဝင်းခိုင်က ပြောသည်။
ခွင့်ပြုပေးလိုက်သည့် အဆောက်အအုံအများစုတွင် ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် သင့်လျော်သည့် အဆောက်အအုံများကိုသာ စစ်ဆေးခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းခိုင်ကရှင်းပြသည်။
အဆိုပါ အဆောက်အအုံများထဲတွင် တရားရုံးချုပ်၊ မြန်မာ့ မီးရထားရုံးချုပ်၊ စုပေါင်းရုံး၊ ကုန်သွယ်ရေးရုံး
ဟောင်း၊ ရဲမင်းကြီးရုံးတို့ အပါအ၀င် အခြားအဆောက်အအုံများပါဝင်ကြောင်း ဦးဝင်းခိုင် က ပြောသည်။
သို့သော် ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံများတွင် နေပြည်တော်သို့ ပြောင်း
ရွှေ့သွားပြီဖြစ်သည့် အသုံးမပြုတော့သော အစိုးရရုံးဟောင်း အများစုပါဝင်ပြီး ဘာသာရေးအဆောက်အအုံ များ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများတွင် အက်ဖ်အမ်အိုင်၊ မက်စ်မြန်မာ၊ ဒိုင်းမွန်းစတား အစရှိသော ပြည်တွင်း ထိပ်သီးကုမ္ပဏီကြီးများပါဝင်ပြီး ကမ္ဘာကျော်ဟိုတယ်အုပ်စု အချို့ပင် ပါဝင်သည်။ အမှန်တကယ် ထိန်းသိမ်း ပြီး တာဝန်ယူမှုရှိသည့် ကုမ္ပဏီများကိုသာ ဦးစားပေးရွေးချယ်သည်ဟု ရွေးချယ်ရေးမူများတွင် သက်မှတ် ထားသည်။
‘‘တချို့ လာတင်ပြတဲ့အထဲ မှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်တဲ့ ပုံစံလေးတွေရှိတယ်။ ဒါတွေကိုတော့ လမ်း
ကြောင်းပြန်တည့်ပေးရတာပါ’’ဟု ဦးဝင်းခိုင်က ဆိုသည်။ ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်း အဆောက်အအုံ အားလုံးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေး၍ မရဘဲ အချို့မှာ ကြံ့ခိုင်မှုအားနည်းနေသောကြောင့် အကြီး စား ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်နေကြောင်း ရှေးဟောင်း အဆောက်အအုံများ လေ့လာမှု ပြု လုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းက အကြံပြုထားသည်။
ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံအများစု၏ မူလ လက်ရာ မပျောက် ပျက်ရန် လွန်စွာအရေးကြီးပြီး အကြီးစားပြင်ဆင်မှုများပြုလုပ်ပါက များစွာ သတိထားရမည့် အဆောက်အအုံ များပါဝင်ကြောင်း ရန်ကုန်မြို့လယ် ရှေးဟောင်းအဆောက်အအုံများ လေ့လာစောင့်ကြည့်သူများက ဆိုထား သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ ရန်ကုန်တွင် ရှေးဟောင်းအဆောက်အအုံ အလုံးပေါင်း ၁၈၉ လုံး ရှိကြောင်း သိရသည်။
မိုးညို | 7day

မှတ်ချက်များ