မန္တလေးမြို့မှ ဧရာဝတီဘဏ်မှ ကျပ်သိန်း ၂၅၀၀-တန် ချက်လက်မှတ်ဖြင့် လိမ်လည်ထုတ်ယူမှုတွင် ဘဏ်မန်နေဂျာ ထွက်ပြေး တိမ်းရှောင်

မန္တလေးမြို့၊ ဧရာဝတီ ဘဏ်ခွဲ(၅)တွင် လက်မှတ်တွင် လက်မှတ်အတုဖြင့် ငွေကျပ်သိန်း ၂၅၀၀-လိမ်လည် ထုတ်ယူသွားမှု ဖြစ်ပွားခဲ့ရာ ထုတ်ယူသူက ထွက်ပြေး တိမ်းရှောင် နေကြောင်း သိရသည်။

ဧရာဝတီဘဏ်ခွဲ(၆)မှ ချက်လက်မှတ်ဖြင့် လိမ်လည် ထုတ်ယူ သွားခြင်းကို ၅-လခန့်ကြာမှ သိရှိရပြီး ဇန်န ၀ါရီ ၆-ရက်၊ မွန်းလွဲ၂-နာရီခွဲခန့်က ချမ်းအေးသာစံမြို့ နယ်၊ မြို့မရဲစခန်းတွင် ဧရာဝတီဘဏ်၊ ဒေသဆိုင်ရာ မန်နေဂျာ ဒေါ်ဆွေဆွေလွင်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဧရာဝတီဘဏ်ခွဲ(၆)တွင် စာရင်းဖွင့်လှစ်ထားသူ ဒေါ်ယဉ်လဲ့မှ ၄င်း၏ ချက်လက်မှတ်တစ်ရွက်
ပျောက်ဆုံး နေကြောင်း တွေ့ရသဖြင့် ဘဏ်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး သည့်အခါ အဆိုပါ ချက်လက် မှတ်ဖြင့် ကျပ်သိန်း ၂၅၀၀-ကို ဘဏ်ခွဲ(၅)မှ ထုတ်ယူသွားခြင်း ဖြစ်သည် ဟုဆိုသည်။

"၂၀၁၄-ခုနှစ်၊ ဇူလိုင် ၄-ရက်နေ့မှာ ချက်လက်မှတ်ပျောက်နေလို့ ဘဏ်စာရင်းနဲ့ တိုက်ကြည့်တော့မှ သိရပြီး ဘဏ်ကို အကြောင်းကြားတယ်။ ဘဏ်မှာက အဲဒီချက်လက်မှတ်နဲ့ ဇူလိုင် ၄-ရက်က ထုတ်သွားပြီဖြစ်ပေ မယ့် ချက်လက် မှတ်ပိုင်ရှင်ရဲ့ ငွေစာရင်းမှာလည်း လျော့မသွားဘူး။"ဟု ဘဏ်နှင့် ရင်းနှီးသူတစ်ဦးက ပြော သည်။

ချက်လက်မှတ်ပိုင်ရှင် ဒေါ်ယဉ်ယဉ်လဲ့က ၄င်း၏ ချက်လက်မှတ်တွင်ပါရှိသည့် လက်မှတ်သည် ပိုင်ရှင်၏ လက်မှတ်မဟုတ်ကြောင်း နှင့် ဘဏ်မှငွေထုတ်သွားသူ ဦးအောင်ကိုလတ်ကိုလည်း သိရှိခြင်း မရှိကြောင်း
 ငြင်းဆိုသဖြင့် ဧရာဝတီဘဏ်ရုံး ချုပ်သို့ တင်ပြစီစစ်ခဲ့ရာ လိမ်လည်ထုတ်ယူသည့်ူ ဦးအောင်ကိုလတ်နှင့် ဘဏ်ခွဲ(၆)မန်နေဂျာဖြစ်သူ ဦးမြင့်ဇော်ဦးမှာ ထွက်ပြေး တိမ်းရှောင် နေခြင်း ဖြစ်သည်။

အဆိုပါ ငွေထုတ်ယူသူ ဦးအောင်ကိုလတ်နှင့် ထွက်ပြေး တိမ်ရှောင်သူ ဦးမြင့်ဇော်ဦးတို့အား ချမ်းအေးသာ စံမြို့မ ရဲစခန်းတွင် (ပ)၁၆/၂၀၁၅ ။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၃၄ တို့ဖြင့် အမှုဖွင့်ထားပြီး ပူးပေါင်း ကြံစည် သူများ ကိုလည်း ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ခိုင်ဆက်ဝေ | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ