အရက်အဆိပ်ဖြစ်၍ အမေရိကန်တွင် နေ့စဉ် လူခြောက်ဦး သေဆုံး


အမေရိကန်နိုင်ငံတွင် အရက်အဆိပ်ဖြစ်၍ နေ့စဉ်လူ ခြောက်ဦးသေဆုံးနေသည်ဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဌာန(CDC) က ပြောကြားသည်။ ထို့အပြင် အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ပျမ်း မျှနှစ်စဉ် လူပေါင်း ၂၂၀၀ သေဆုံး နေသည်ဟုလည်း CDC ကပြောသည်။

ယင်းသေဆုံးမှုများ၏ ၇၅ ရာခိုင်နှုန်းမှာ အသက်(၃၅)နှစ်နှင့် (၆၄)နှစ်ကြား လူကြီးများဖြစ်သည်။

‘‘အယ်လ်ကိုဟော အဆိပ်သင့်တာဟာ လူငယ်တွေကြားထဲက ပြဿနာမဟုတ်ဘူးဆိုတာကို ဒီလေ့လာမှုက
ပြသနေပါတယ်’’ဟု CDC ၏ အယ်လ်ကိုဟော အစီအစဉ်ခေါင်းဆောင်နှင့်အစီရင်ခံစာ ပူးတွဲရေးသားသူ
ဒေါက်တာရောဘတ်ဘရူဝါက ပြောသည်။

အရက်အဆိပ်ဖြစ်၍ သေဆုံးသူ ၇၆ ရာခိုင်နှုန်းမှာ အမျိုးသား များဖြစ်ပြီး လူဖြူ ၆၈ ရာခိုင်နှုန်းပါဝင်သည်။ စပိန်နွယ်ဖွား ၁၅ ရာခိုင်နှုန်းရှိကာ လူမည်းသေဆုံးမှု ၉ ရာခိုင်နှုန်းသာ ရှိသည်။ ၇ ရာခိုင်နှုန်းမှာ အမေရိကန် တိုင်းရင်းအင်ဒီးယန်းများဖြစ်ကာ အာရှနှင့် ပစိဖိတ်အနွယ် သေဆုံးမှုမှာ ၂ ရာခိုင်နှုန်း ရှိသည်။

သို့သော် အရက်အဆိပ်ဖြစ်ခြင်းကြောင့် သေဆုံးမှုမှာ အမေရိကန်တွင် လူသေဆုံးမှု အဓိကအကြောင်းအ ရာများ၌ မပါဝင်ပေ။ နှလုံးရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ၅၉၆,၇၇၇ ဦး ရှိသည်။ ကင်ဆာ
ကြောင့်သေဆုံးသူ ၅၇၆,၆၉၁ ဦးရှိပြီး အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောဂါများကြောင့် သေဆုံးသူ ၁၄၂,၉၄၃ဦးရှိသည်။

အယ်လ်ကိုဟော အဆိပ်သင့်မှုမှာ ရေနစ်သေဆုံးမှုနှုန်းနှင့် များစွာမကွာခြားကြောင်း ၂၀၁၀ နှင့် ၂၀၁၂ ကြား အချက်အလက်များက ပြသနေသည်။

7day


မှတ်ချက်များ