Charile Hebdo မဂ္ဂဇင်း မျက်နှာဖုံးနှင့် ပတ်သက်၍ အစ္စလာမ်မစ် မီဒီယာများ ရှုတ်ချဝေဖန်
ယခုတစ်ပတ်ထုတ် Charlie Hebdo မဂ္ဂဇင်း မျက်နှာဖုံးတွင် တမန်တော် မိုဟာမက်၏ ရုပ်ပုံကို ကာတွန်း
ရေးဆွဲ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး အစ္စလာမ်မစ် မီဒီယာများက ပြင်းထန်စွာ ရှုတ်ချခဲ့ကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် အခြေစိုက် Charlie Hebdo မဂ္ဂဇင်းကို အစ္စလာမ်မစ် အစွန်းရောက် အကြမ်း ဖက်သမားများက ဝင်ရောက်ပစ်ခတ်ရာ လူ(၁၂)ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာပြီးနောက် ပထမဆုံး ပြန်လည် ထုတ်ဝေသည့် မဂ္ဂဇင်း မျက်နှာဖုံး၌ တမန်တော် မိုဟာမက်ပုံကို ရေးဆွဲထားခြင်း ဖြစ် သည်။
မဂ္ဂဇင်းတိုက် ပစ်ခတ်မှုအတွင်း သေဆုံးသူများကို စာနာထောက်ခံသည့် “ငါတို့ဟာချာလီဖြစ်တယ်”ဆို
သော ဆောင်ပုဒ်ကို တမန်တော်က ကိုင်ဆောင်ထားပြီး နောက်ခံတွင် “အရာအားလုံးကို ခွင့်လွှတ်လိုက် ပါတယ်”ဟု ရေးသားထားသည့် မျက်နှာဖုံးနှင့် ပတ်သက်ပြီး အငြင်းပွားစရာ အခြေအနေများ ဖြစ်ပေါ်လာ သည်။
အမေရိကန် အခြေစိုက် New York Times သတင်းစာကြီးက Charlie Hebdo မဂ္ဂဇင်းတိုက် အနေဖြင့် အဆိုပါ မျက်နှာဖုံးကြောင့် နောက်ထပ် အကြမ်းဖက် ရန်လိုမှုများကို ကြုံလာရနိုင်ကြောင်း သုံးသပ် ရေးသား ထားသည်။
အရှေ့အလယ်ပိုင်း ဒေသရှိ အစ္စလာမ်မစ် နိုင်ငံအများစုမှ မီဒီယာများကမူ မဂ္ဂဇင်း၏ မျက်နှာဖုံးကို ဆန့် ကျင် ရေးသားခဲ့သည်။ အလယ်အလတ် သဘောထားရှိသည့် အစ္စလာမ်မစ် မီဒီယာများသည်ပင်လျှင် Charlie Hebdo၏ မျက်နှာဖုံး ရွေးချယ်မှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
“Charlie Hebdo ဟာ သူတို့ရဲ့ ရန်စ လှုံ့ဆော်မှုတွေကို ဆက်လုပ်နေပါတယ်”ဟု ဂျော်ဒန် သတင်းစာ Al-Dustourက မျက်နှာဖုံးတွင် ရေးသား ဖော်ပြခဲ့သည်။ အယ်လ်ဂျီးရီးယား နေ့စဉ်ထုတ် Echourouk သ တင်းစာက Charlie Hebdo ၏ အသစ်ထုတ် မဂ္ဂဇင်းအတွက် ပြင်သစ် အစိုးရက ငွေကြေး ထောက်ပံ့ပေး ခဲ့ကြောင်းနှင့် ယင်းအပြုအမူသည် အစ္စလာမ် ဘာသာဝင်များအပေါ် ဘာသာရေး စစ်ပွဲတစ်ရပ် ပွင့်ပွင့်လင်း လင်း ဆင်နွှဲလာခြင်းဟု စွပ်စွဲခဲ့သည်။
အခြား အယ်လ်ဂျီးရီးယား သတင်းစာ တစ်စောင်ကလည်း Charlie Hebdo မဂ္ဂဇင်းတိုက်အတွက် သေဆုံး သူများကို ရည်စူးသော “ငါတို့ဟာ ချာလီဖြစ်တယ်”ဆိုသည့် ဆောင်ပုဒ်ကို လှောင်ပြောင်သည့် အနေဖြင့် “ငါတို့ဟာမိုဟာမက်ဖြစ်တယ်”ဟု ရေးသားခဲ့သည်။ အီရန် ရုပ်မြင်သံကြား သတင်းဌာန IRRINNကလည်း Charlie Hebdo မဂ္ဂဇင်း မျက်နှာဖုံးမှ ကာတွန်းသည် ရန်စမှု တစ်ခုဟု ဝေဖန်သုံးသပ်သွားသည်။
တူရကီရှိ ဩဇာကြီးမားသော Yeni Akit သတင်းစာကလည်း Charlie Hebdo မဂ္ဂဇင်းနှင့် အနောက်နိုင်ငံ များကို ရှုတ်ချခဲ့ပြီး အရှက်ရသင့်သည့် နိုင်ငံများဟု ပြင်းပြင်းထန်ထန် သုံးနှုန်းရေးသားခဲ့သည်။ အဆိုပါ သ တင်းစာသည် အစ္စလာမ်မစ် ဘာသာရေးကို အခြေခံသည့် လက်ရှိ အာဏာရ ပါတီကို ထောက်ခံသော မီဒီယာလည်း ဖြစ်သည်။
တစ်ဖက်တွင်မူ အတိုက်အခံ အားပေးသည့် သတင်းစာဖြစ်သော Cumhuriyetက Charlie Hebdo မဂ္ဂဇင်း ပါ ဖော်ပြချက်များကို (၄)မျက်နှာအပြည့် ဘာသာပြန် ရိုက်နှိပ်ပြီး မီဒီယာချင်း သွေးစည်းမှုကို ပြသခဲ့သည်။ သို့သော်လည်း မဂ္ဂဇင်း မျက်နှာဖုံး ကာတွန်းပုံကိုမူ ချန်လှပ်ထားခဲ့သည်။
ပြင်သစ်နိုင်ငံတွင်မူ အသစ်ထုတ် Charlie Hebdo မဂ္ဂဇင်းမှာ ရောင်းမလောက် ဖြစ်နေပြီး ပြင်သစ် မီဒီယာ အများစုကလည်း ၎င်းတို့၏ မျက်နှာဖုံး သတင်းများတွင် အဆိုပါ အကြောင်းအရာကို ဦးစားပေး ဖော်ပြခဲ့ သည်။ အရောင်းဆိုင်များတွင် အဆိုပါ မဂ္ဂဇင်းကို ရရှိရန် တန်းစီ စောင့်ဆိုင်း၍ပင် ဝယ်ယူနေရပြီး eBay ဝက်ဘ်ဆိုက်တွင် လေလံတင် ရောင်းချထားသည့် မဂ္ဂဇင်း တစ်အုပ်ကို လူတစ်ဦးက ဒေါ်လာ (၁၁၇၀၀၀) ထိ ဈေးပေး ဝယ်ယူသွားကြောင်းလည်း သိရှိရသည်။
7day

မှတ်ချက်များ