အမှုမှန်မပေါ်မည်ကိုစိုးရိမ်သဖြင့် Father Land ပိုင်ရှင် ဦးကျော်မြင့် အမှုအား တရားရုံးပြောင်းစစ်ရန် တောင်းဆို
အမှုမှန် မပေါ်မည်ကိုစိုးရိမ် သဖြင့် လက်ရှိ Father Land ပိုင်ရှင် ဦးကျော်မြင့်အမှုအား လက်ရှိစစ်ဆေး နေသည့် တရားရုံးမှ တခြားတရားရုံး တစ်ခုသို့ ပြောင်းလဲ စစ်ဆေးပေးရန် တရားလိုရှေ့နေက တောင်းဆို လိုက် ကြောင်း သိရသည်။
တရားလိုရှေ့နေ ဒေါ်ဆွေဆွေ ညိမ်းက ''အန်တီရဲ့တရားလိုက ဒီတ ရားရုံးမှာ စစ်ရင် သူ့ရဲ့အမှုက အမှုမှန် ပေါ်ပေါက်နိုင်ပါ့မလားဆိုပြီး စိုးရိမ် သောကဖြစ်နေတာ။ စိုးရိမ်တာကတော့ သူ့ရဲ့စိတ်ပဲ။ ဘယ်ပြောလို့ရပါ့ မလဲ'' ဟုပြောသည်။ လက်ရှိစစ်ဆေးနေသည့် ကျောက်တံတားတရားရုံးမှအပ ကျန် သည့် ရန်ကုန်တိုင်းဒေ သကြီးအတွင်း ရှိ မည်သည့်တရားရုံးတွင်မဆို ပြောင်း လဲစစ်ဆေးရန်အလို့ငှာ ဇန်နဝါရီ ၁၂ ရက်က ခရိုင်တ ရားရုံးသို့ လျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလျှောက်ထားမှုအား ခရိုင်တရားရုံးမှ ကနဦးလက်ခံခဲ့ပြီး တရားရုံးတွင် နှစ်ဖက်ကြားနာပြီးမှ တရား ရုံးပြောင်းသင့်၊ မပြောင်းသင့်ကို ခရိုင်တရားရုံးမှ ဆုံးဖြတ်မည်ဟု ၄င်း ကဆိုသည်။
Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် ပန်း ဆိုးတန်း အလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ တွင် ပိုင်ရှင်နှင့် သဘောတူညီချက်ချိုး ဖောက်မှု၊ လက်မှတ်အတုပြုလုပ် မှုအ ဖြစ် ပုဒ်မ ၄၂ဝ နှင့် ပုဒ်မ ၄၆၈ တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂ဝ၁၄ နိုဝင်ဘာလ အတွင်းက အဖမ်းခံခဲ့ ရခြင်းဖြစ်သည်။
ယင်းနောက် ဇန်နဝါရီ၁၃ ရက် က ဦးကျော်မြင့်အား ကျောက်တံတား မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေး ခဲ့ပြီး အမှုအားဆက်လက်စစ်ဆေးရန် ဇန်နဝါရီ ၂၇ရက်သို့ ရုံးချိန်းချိန်းဆို ထားသည်။
စည်သူကျော် | The Yangon Times

မှတ်ချက်များ