ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်မော် တော်ယာဉ်တစ်စီးမှာ IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းအား ယာဉ်၏နောက်ကျောဘက်၌ကပ်ကာ ရန်ကုန်မြို့အတွင်း မောင်းနှင်နေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ညနေပိုင်းတွင် အဆိုပါ ယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
| စစ်ဆေးနေသည့် စာတန်းခွာပြီး ယာဉ်အား ၅၁ လမ်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ဇန်န၀ါရီ ၁၄ ရက် ည ၁၀ နာရီခွဲခန့်က တွေ့ရစဉ် |
ကျောဘက်တွင် ကပ်ကာ မောင်းနှင်နေသည့် မော်တော်ယာဉ်မှာ ယာဉ်အမှတ် (YGN)4I-1056 ဖြစ်ပြီး ၎င်းယာဉ်ကို တာမွေမြို့နယ် ၁၉၅ လမ်းရှိ နေအိမ်တစ်အိမ်တွင် တွေ့ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
“ဒီကားကို က.ည.နရုံးနဲ့ မှတ်ပုံတင်ဌာနမှာ စုံစမ်းကြည့်တော့ တာမွေမြို့နယ်ကလို့ သိရတယ်။ ကားနဲ့ယာဉ် ပိုင်ရှင်ကိုလည်း တာမွေမြို့နယ်ထဲကပဲ ဖမ်းဆီးရမိတယ်။ လက်ရှိတော့ ယာဉ်ထိန်းတပ်ဖွဲ့ အနေနဲ့ ယာဉ် ထိန်းဥပဒေနဲ့ပဲ အမှုဖွင့်ထားပါတယ်။ အခုတော့ ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက်စစ်ဆေး နေပါတယ်” ဟု ယာဉ် ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
| လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ပုံအား တွေ့ရစဉ် |
လက်ရှိတွင် ယာဉ်မောင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ယာဉ်ထိန်းဥ ပဒေဖြင့် အမှုဖွင့်ထားသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို ဇန်နဝါရီ ၁၄ ရက် ည ၁ဝ နာရီ ခွဲ ခန့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့သော်လည်း အသေးစိတ် မပြောနိုင်သေးကြောင်း ပြန်လည်ဖြေ ကြားသည်။
အောင်ကျော်ထက် | EMG
မှတ်ချက်များ