အာဖဂန်နစ္စတန် တောင်ပိုင်းတွင် ISIS စစ်သွေးကြွများ စတင်လှုပ်ရှားလာ
အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်သော ISIS စစ်သွေးကြွ များသည် အာဖဂန်နစ္စတန် နိုင်ငံ တောင် ပိုင်းတွင် လူသစ် စုဆောင်းခြင်း၊ အနက်ရောင် အလံများ လွှင့်ထူခြင်းများဖြင့် ၄င်းတို့၏ လှုပ်ရှားမှု များကို စတင်နေပြီ ဖြစ်ကြောင်း အာဖဂန်မှ တာဝန်ရှိ သူများက ပထမဆုံး အကြိမ် အတည်ပြု ပြောကြားခဲ့သည်။ ထို့ပြင် အဗ္ဗဒူ ဆိုသူနှင့် အဖွဲ့သည် ဟဲလ်မန်း ပြည်နယ် တစ်ဝန်းတွင် ISIS စစ်သွေးကြွ များအတွက် လူ သစ်စုဆောင်းခြင်း များကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လျက် ရှိကြောင်း၊ အမှတ် ၂၁၅ တပ်တော်မှ ဒုတိယ တပ်တော်မှူး ဗိုလ်ချုပ်ကြီး မာမုဒ်ခန် နှင့် အဆိုပါ ပြည်နယ်တွင် နေထိုင်သော ဒေသခံများက ပြော ကြား ခဲ့သည်။
အဆိုပါ ပြည်နယ်ရှိ လူမျိုးစု ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ နှင့် အခြား ကောင်စီအဖွဲ့ဝင် များ အနေဖြင့် အဗ္ဗဒူ က ဆက်သွယ်မှုများ ပြုလုပ် လာပါက တာဝန်ရှိ သူများထံ သို့ သတင်း ပေးပို့ရန် အ တွက် ညွှန်ကြား ထားကြောင်း ဗိုလ်ချုပ်ကြီး ခန် က ပြောကြား ခဲ့သည်။
ထို့အပြင် ဟဲလ်မန်း ပြည်နယ် ရှိ ခရိုင်အများစု ကို သိမ်းပိုက် ထားသော တာလီဘန် စစ်သွေးကြွ များက လည်း အဗ္ဗဒူ နှင့် မည်သူမျှ အဆက်အသွယ် မပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရ သည်။
အဆိုပါ အဗ္ဗဒူ ဆိုသူသည် အာဖဂန်တွင် တာလီဘန်များ ကြီးစိုးခဲ့သည့် ၁၉၉၆- ၂ဝဝ၁ ခုနှစ်များတွင် တာလီ ဘန် တပ်ဖွဲ့ တစ်ခု၏ ခေါင်းဆောင် ဖြစ်ခဲ့ကြောင်းနှင့် အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက် လာချိန်တွင် ၄င်းမှာ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ဂွမ်တာနာမို အကျဉ်းထောင် တွင် ပြစ်ဒဏ်ကျခံ ခဲ့သူ တစ်ဦးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ခန် နှင့် နင်မ်ရို့ဇ် ပြည်နယ် အုပ် ချုပ်ရေးမှူး အကွန်းဒ်ဇာဒါ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
PyiChitThar

မှတ်ချက်များ