ဗိုလ်မှူးကြီးဆန်းအောင် နှင့် ဗိုလ်မှူးကြီးတိုက်ဂါး ကို ကော်သူးလေ တပ်မတော် (KAF) တွင် အဆင့်မြင့်ရာထူးများ ခန့်အပ်
ယခင်နှစ်ကုန်ပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ဌာနချုပ်တွင် ဖွဲ့စည်းလိုက် သည့် ကော်သူးလေတပ်မတော် KAWTHOOLEI ARMED FORCES (KAF) တွင် ယခင်က ဒီကေဘီအေ
နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ တပ်မှူးဟောင်းနှစ်ဦးကို အဆင့်မြင့်ရာထူးနှင့် တာဝန်များခန့်အပ်လိုက် သည်ဟု သိရသည်။
အဆိုရာ ရာထူးခန့်အပ်ခြင်း ထုတ်ပြန်ချက်ကို (KAF) မှ ဗိုလ်ချုပ်ဒေါက်တာတီမသီ က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် (KAF) တပ်မတော်၏ ဗျူ ဟာမှူးအဖြစ် ဗိုလ်မှူးကြီးဆန်းအောင် - (KAF) နယ်စပ်အ ထူးဗျူ ဟာမှူးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နယ်စပ်လုံခြုံ ရေးနှင့်ဖွံ့ဖြိုးရေး ဌာနမှူးအဖြစ် ဗိုလ်မှူးကြီးတိုက် ဂါး တို့ကို ခန့်အပ်လိုက်သည်ဟု ပါရှိသည်။
ဗိုလ်မှူးကြီးတိုက်ဂါးက " ကရင်တမျိုးသားလုံးအတွက် လုပ်ဆောင်သွားဘို့ အရံသင့်ပါဘဲ "ဟု ဆိုသည်။
ဗိုလ်မှူးကြီးရာထူးခန့်အပ်ခံရသည့် စောဆန်းအောင်မှာ လတ်တလော သာသနာ့ဘောင်အတွင်း ရောက် ရှိနေသည်ဟု သိရသည်။
အသေးစိတ်သိရှိလိုပါက drtimothy.kawthoolei@gmail.com သို့ ဆက်သွယ်နိုင်သည်ဟု ဗိုလ်ချုပ်တီမသီ က ကရင်အမျိုးသား(မီဒီယာ) ကို ယနေ့တွင်ပြောဆိုခဲ့သည်။
ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်းကို KNLA - DKBA - KNDO - KNU/KNLA PC မှ ခေါင်းဆောင် အချို့  ယမန်နှစ်ကုန်ပိုင်းက သဘောတူ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

မှတ်ချက်များ