MPT ၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းခေါ်ဆိုခနှင့် အင်တာနက်ဝန်ဆောင်မှုအသစ်များကို ဇန်နဝါရီ ၁၂ တွင် စတင်မည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ စတင်၍ ၎င်းတို့၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းခေါ်ဆိုခများနှင့် မိုဘိုင်းအင်တာနက်အသုံးပြုခများ အပါအဝင် အခြားဝန်ဆောင်မှုအ သစ်များကို စတင်တော့ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၄၊ စက်တင်ဘာလမှ စတင်၍ MPT ဟူသည့် အမှတ်တံဆိပ်အသစ်ဖြင့် ထွက်ရှိလာခဲ့သည့် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း အနေဖြင့် ဆွေသဟာ အမည်ရှိသော ဝန်ဆောင်မှု အစီအစဉ်အသစ်တစ်ခုကို စတင်မည်ဖြစ် သည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို ရယူအ သုံးပြုသူများသည် ဖုန်းခေါ်ဆိုခ များကို တစ်မိနစ်လျင် ၃၅ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ မည်သည့်နေရာ ကိုမဆို မည်သည့်အချိန် တွင်ဖြစ်စေ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် မိုဘိုင်းဖုန်းအချင်းချင်း စာတိုပေး ပို့နိုင်သည့် SMS ဝန်ဆောင်မှု နှုန်းထားများမှာ တစ်စောင်လျင် ၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာ ဝန်ဆောင်မှုဖြင့် မိုဘိုင်း အင်တာနက် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ကနဦး ပေးသွင်းခြင်းများ မပြုလုပ်ရတော့ဟုသိရသည်။ ဆွေသဟာ အစီအစဉ်တွင် မှတ်ပုံတင် စာ ရင်းသွင်းလိုက်ပြီးနောက် စတင်သုံးစွဲနိုင်မည့် ဝန်ဆောင်မှုမှာ မိနစ်အလိုက် ကောက်ခံမှုမဟုတ်ဘဲ သုံးစွဲ သည့် data ပမာဏအလိုက်သာ ကောက်ခံမည့် စနစ်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာ ဝန်ဆောင်မှုတွင် ပါဝင်လာသည့် မိုဘိုင်းအင်တာနက် အသုံး
ပြုခမှာ 1MB လျင် ၁၅ ကျပ်ဖြစ်သည်။အထက်ပါ ဝန်ဆောင်မှုအသစ်များသည် ဆွေသဟာ အမည်ရှိ အစီအ စဉ်၏ သုံးသ လောက် ပေးရမည့် အစီအစဉ် တစ်ခုဖြစ် သည်။မိုဘိုင်းအင်တာနက်ကို Package Plan ဖြင့် အသုံးပြုလိုသူများ သည် 1GB လျင် ၁၀,၀၀၀ ကျပ်၊ 400 MB ပမာဏလျင် ၅,၀၀၀ ကျပ်နှုန်းနှင့် အဆိုပါ ဝန်
ဆောင်မှုများကို ရက်ပေါင်း ၃၀ အတွင်း အသုံးပြုရမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်ဖြင့် မြန်နှုန်းမြင့် အင်တာနက် သုံးစွဲနိုင်သည့် ဝန်ဆောင်မှုတွင် HSPA+3G ဆက်သွယ်
ရေးကွန်ရက် နည်းပညာဖြင့် ချိတ်ဆက်ထားသည့် ပိုမိုမြန်ဆန်သည့် အင်တာနက် အသုံးပြုခွင့်ကို ရရှိလာ မည်ဖြစ်သည်ဟု သိရသည်။ အမြင့်ဆုံး မြန်နှုန်းပမာဏမှာ 42 Mbps အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေသဟာ ဝန်ဆောင်မှုအသစ်ကို အသုံးမပြုလိုသူများ အနေဖြင့်လည်း ယခင်နှုန်းထားများအတိုင်း ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။

InternetJournal


မှတ်ချက်များ