NLD နဲ့ UNA ဆွေးနွေးခဲ့တဲ့ အချက် ၃ချက်က ဘာလဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သော တိုင်းရင်းသားပါတီများ မဟာမိတ်အဖွဲ့ UNA တို့ဟာ ဇန်နဝါရီ ၁၈ရက်နေ့က နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာ တံခါးပိတ် ဆွေးနွေးခဲ့ကြပါ တယ်။ NLD နဲ့ UNA ဆွေးနွေးခဲ့တဲ့ အချက် ၃ချက်က ဘာလဲ။

NLD နဲ့ မဟာမိတ်အဖြစ် လက်တွဲဖို့ ရှေ့ဆက်ဆွေးနွေးစရာရှိတာတွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နဲ့ လာဆွေးနွေးတာဖြစ်တယ်လို့ UNAအဖွဲ့ဝင် SNLD ပါတီက စိုင်းညွန့်လွင်က ပြောပါတယ်။ ၂ဝ၁၅ ဟာ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်
မြောက်ဖို့ဆိုတဲ့ ၃ချက်ကို ညှိနှိုင်းကြတာဖြစ်ပြီး သဘောတူညီချက်မရသေးဘဲ NLD အချင်းချင်း၊ UNAအချင်း ချင်း ပြန်ဆွေးနွေးရဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများ EAPP ဆိုတဲ့ မဟာမိတ်အဖွဲ့ထဲမှာNLD, UNA နဲ့ CRPP ဝင် နိုင် ငံရေးပါတီတွေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း တစ်လတစ်ကြိမ် ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။ EAPP ကို ခိုင်မာတဲ့မဟာမိတ်အဖွဲ့ကြီးတစ်ခုဖြစ်ဖို့ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေဟာ အခြားမဟာမိတ်အဖွဲ့ထဲ မပါဝင်ရဆိုတဲ့ ကန့်သတ်ချက်လည်း ရှိနေတာကြောင့် ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

နိုင်ငံရေးလုပ်တဲ့အခါမှာ ညီညွတ်ရေးက အဓိကဖြစ်ပြီး NLD သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည)အပါအဝင် အခြားဖြစ်နိုင်တဲ့ပါတီကိုလည်း ဆွေးနွေးနိုင်သလောက် ဆွေးနွေးရမှာဖြစ်တဲ့အ
ကြောင်း၊ ၂ဝ၁၅ဟာ အရေးကြီးတဲ့နှစ်တာမို့ ညှိနှိုင်းမှုတွေ အေးအေးဆေးဆေးနဲ့ လုပ်ရမှာဖြစ်လို့ ရန်လိုမှု
တွေလျော့ပြီး မိတ်ဆွေဖြစ်နိုင်သမျှ ဖြစ်ကြဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

kamayutmedia


မှတ်ချက်များ