သူ့ရဲ့ မိခင် ကိုစော်ကားလာမယ်ဆိုရင် ဘယ်သူ့ကိုမဆို လက်သီးနဲ့ ထိုးမယ်လို့ ပြောကြားခဲ့တဲ့ Pope Francis
Pope Francis ဟာ စိန့်ပီတာကွင်းပြင်မှာ ကျင်းပတဲ့ လူထုဟောပြောပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအခါမှာ ပုပ်ရဟန်းမင်းကြီးက Charlie Hebdo အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေအပေါ် စ ကားစစ် ထိုးပြောကြားခဲ့ရာမှာတော့ သူ့ရဲ့ မိခင် ကိုစော်ကားလာပါက ဘယ်သူ့ကိုမဆို လက်သီးနဲ့ ထိုး မယ်လို့ ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ဒုတိယမြောက် အာရှ ခရီးစဉ်အတွက် သီရီလင်္ကာနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို လာရောက်မယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို စီစဉ်ပေးနေတဲ့ Alberto Gasparriရဲ့ ပြောကြားချက်အရ ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ Dr.Gasparri က သူ့အမေကို စော်ကားပြောဆိုခဲ့မယ်ဆိုရင်တောင် သူ့သူငယ်ချင်းကို သူပြန်ထိုးမှာ သေချာတယ်လို့ ဆိုပါတယ်။
Trend Myanmar

မှတ်ချက်များ