Post title မူးယစ်ဆေးဝါးကြောင့် ပိတ်သိမ်းထားသည့် ၀ တပ်ဖွဲ့၏ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း တရားဝင် ပြန်ဖွင့်ရန်အတွက် အစိုးရနှင့် ၀ တပ်ဖွဲ့အကြား ညှိနှိုင်းသွားရန်ရှိနေ

UWSA " ၀ " တပ်ဖွဲ့မှ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ရန် အဆိုပြုထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ပုံပါကျင် ဒေသတွင် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ် သွားရန်အတွက် နှစ်ဘက်တာ ၀န်ရှိသူများ ဆွေးနွေး ရန် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။

‘သူတို့တွေက တင်ပြထားတာရှိတယ်။အဲဒီမှာ ဖြစ်နိုင်ခြေ လေ့ လာမှုတွေတော့ မလုပ်ရသေးဘူး ။ အဲလို လုပ်ဖို့အတွက် ၀တပ် ဖွဲ့တာဝန်ရှိသူတွေ ရယ်။ ဒေသဆိုင်ရာဖြစ်တဲ့ ပြည်နယ်အစိုးရရယ် ကျန်တော်တို့ ၀န်ကြီးဌာနရယ် တွေ့ ဆုံညှိနှိုင်းဆွေးနွေးဖို့ရှိနေတယ်။

ဖွင့်ဖြစ်မဖွင့်ဖြစ်ကတော့ နောက်အဆင့်တွေဆက်သွားပြီး ဆွေးနွေးပြီးမှပဲ ပြောလို့ရနိုင်မယ်။ နောက်တချက်က တဘက်နိုင်ငံနဲ့ ပါ ဆွေးနွေးဖို့ ကျန်နေသေးတယ်။ ‘ဟု ဖလားဝါးနယူးစ်သို့ ပြောသည်။

ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ပုံပါကျင်ဒေသ BP1 တွင် တည်ရှိသည့် ယင်း
နေရာမှာ ယခင်ကလည်း ၀ တပ်ဖွဲ့မှ ကုန်သွယ်မှုစခန်း အဖြစ် အသုံးပြုခဲ့ဖူးပြီး မူးယစ်ဆေးဝါးကြောင့် ပိတ် သိမ်းထားခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။

BP1 တွင် ကုန်သွယ်ရေးစခန်းဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ၀ တပ်ဖွဲ့ တာဝန်ရှိသူများသည်ဦးသိန်းဇော် ဥိးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ပြီးခဲ့သည့် အောက်တိုဘာ လက တွေ့ဆုံစဉ် အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။

ယင်းကုန်သွယ်ရေးစခန်းဖွင့်လှစ်မည့် နေရာတွင် အဆောက်အအုံ များ ဆောက်လုပ်လျက်ရှိနေကြောင်း လည်း ဧရာဝတီ သတင်းဌာနက ဖော်ပြပြီး ယင်းနေရာတွင် တရားမ၀င် နယ်စပ်ကုန်သွယ်မှုများ တောက်
လျှောက်ဆိုသလို ရှိနေကြောင်းလည်း ၀ တပ်ဖွဲ့နှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည် တပ်မတော်
 တောင်ပိုင်း RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်အရ ၀ အဖွဲ့မှာ တရုတ်မြန်မာ နယ်စပ် အနိးရှိ ပန်ဆန်းဒေသ ၆ မြို့နယ်ကို ၀ တပ်ဖွဲ့အထူးဒေသအဖြစ် သတ်မှတ်ထားသော်လည်း ၀ တပ်ဖွဲ့၏ တပ်မဟာ ၅ ခုမှာ ထိုင်း
မြန်မာ နယ်စပ်တလျှောက်တွင် ဆယ်စုနှစ်နှင့်ချီရှိပြီး တည်ရှိနေခဲ့သည်။

ယင်းနယ်စပ်ဂိတ် သာ ပေါ်ပေါက်လာပါက ၀ တပ်ဖွဲ့၏ အစိုးရ အသိမှတ်ပြု ပထမဆုံးသော ထိုင်းနယ်စပ် ဂိတ် ဖြစ်လာမည် ဖြစ်သည်။

စိုင်းထွန်းအောင်လွင် | Yangon Media Group


့

မှတ်ချက်များ