သမ္မတက ထိပ်သီးဆွေးနွေးပွဲ ထပ်မံဖိတ်ကြားလျှင် တတ်ရောက်ရန်မသေချာဟု UNAခေါင်းဆောင် ဦးခွန်ထွန်းဦးပြောကြား

သမ္မတအိမ်တော်တွင် ဇန်န၀ါရီ ၁၂ ရက်က သမ္မတနှင့် ထိပ်သီးခေါင်းဆောင်များဆွေးနွေးစဉ် (ဓာတ်ပုံ - MOI)
နိုင်ငံတော်သမ္မတက အစည်းအဝေးများ ထပ်မံဖိတ် ကြားလာပါက တက်ရောက်ရန် ရာနှုန်းပြည့် မကျိန်းသေတော့ ကြောင်း ညီညွတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ ခေါင်းဆောင် တစ်ဦးဖြစ် သူ ဦးခွန်ထွန်းဦးကပြောသည်။

‘‘ကျွန်တော်တို့ကတော့ ဒီမှာ မရှိရင်မတက်ဘူး။ ဘာမှ မထူး ဘူး’’ဟု ရှမ်းတိုင်းရင်းသားများ ဒီ မိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက 7Day Daily အား ပြောသည်။

ယခုလ ၁၂ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်တွင် နိုင် ငံရေးထိပ်သီးခေါင်းဆောင်များ၊ နိုင်ငံရေးပါ တီခေါင်းဆောင်များ နှင့် တိုင်းရင်းသားရေးရာဝန်ကြီး များပါဝင်သော တွေ့ဆုံဆွေးနွေး မှုတစ်ရပ်ကို ပြုလုပ် ခဲ့ရာတွင် ညီ ညွတ်သောတိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့(UNA)ကို ကိုယ်စားပြုတက်ရောက်ရန် ဦးခွန်ထွန်းဦးကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲ တွင် သမ္မတဖိတ်ကြားစာ၌ ပါဝင် သောခေါင်းစဉ်သုံးခုဖြစ်သည့် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး၊ နိုင်ငံရေးဆွေး နွေးပွဲများကျင်း ပနိုင်ရေးဆိုသည့် အချက်သုံးချက်ကို ဆွေးနွေးခဲ့ကြ သော်လည်း ထိထိရောက်ရောက် အလုပ်ဖြစ်ခဲ့ခြင်း မရှိကြောင်းဦး ခွန်ထွန်းဦးကဆိုသည်။

ထို့အတူ ညီညွတ်သောတိုင်း ရင်းသားလူမျိုးများမဟာမိတ်အ ဖွဲ့(UNA)မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအေးသာအောင်က လည်း အချိန်ခုနစ်နာရီနီးပါးကြာ ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲသည် ပါဝင်ရမည့် လူဦးရေ အရေအတွက်များပြားသည့်အတွက် အောင်မြင်ခဲ့ခြင်းမရှိဟုပြောသည်။

အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ ရေးခေါင်းဆောင်များတွေ့ဆုံပွဲ ကို ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ် အတွင်းက ကျင်း ပခဲ့သော်လည်း တိကျသည့်သ ဘောတူညီချက်ရရှိခဲ့ခြင်းမရှိပေ။

ဇန်န၀ါရီ ၁၂ရက်က ကျင်းပ သည့် လူပုဂ္ဂိုလ် ၄၈ဦးတွေ့ဆုံပွဲ ကို အနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးပွဲ အဖြစ်သတ်မှတ်ရန် ခက်ခဲ ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က လည်း သုံးသပ်သည်။

ညီညွတ်သော တိုင်းရင်း သားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)ကို ၁၉၉၀ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲ တွင် အနိုင်ရရှိ ခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါ တီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ် ကာ ရှမ်းတိုင်းရင်းသားဒီမို ကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမီုကရေစီအဖွဲ့ချုပ် ပါတီတို့လည်းပါဝင်သည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)သည်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့်လည်း နိုင်ငံ ရေးကိစ္စရပ်များ ဆွေးနွေးဖက်ဖြစ်သည်။

ရန်မျိုးနိုင် | 7day

မှတ်ချက်များ