"စတုပစ္စယ သံဃာ့မာတာဘွဲ့တံဆိပ် "တော်ရ ဒေါ်အောင်ဆန်းစုကြည်
ရွှေကျင်သာသနာ သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ တွင် အလွန်စည်းကမ်းကြီးတာ အထင်ကရဖြစ်ပါတယ်။
(၁၉)ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာအစည်းဝေးကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား"စတုပစ္စယ သံဃာ့မာတာဘွဲ့တံဆိပ် " အပ်နှင်းခြင်းသည်လက်ရှိ မြန်မာနိုင်ငံတော် သာသနာ့ ဦးဆောင်သံဃာတော်များမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့်သဘောထားအစစ်အမှန်ကို သာသနာတော် တစ်ရပ်လုံးကိုယ်စား ပြလိုက်ခြင်း ဖြစ်၍ အလွန်မှန်ကန် သည့်လုပ် ရပ် ဖြစ်ပါသည်။
ဘာသာ သာသနာကို ခု တုန်း မလုပ်တတ်တဲ့သူနိုင်ငံကိုတကယ်ချစ်တဲ့သူ နိုင်ငံရေးကို လုပ်စားခြင်း မပြုသူ ဒေါ်အောင်ဆန်းစုကြည် အား ရွှေကျင်နိကာယာဓိပတိ ဥက္ကဌအမှူးပြုသောသံဃ အဖွဲ့ အစည်းကြီးမှ မြန်မာဗုဒ္ဓဘာသာ ဝင်တွေ စိတ်နှလုံး ချမ်းမြေ ကြည်နူး စေသည့်ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်သည့်အတွက် မြန်မာတို့ နှစ်ဦး နှစ်ကူး တံခူး လမြတ်ရဲ့ မင်္ဂလာ သတင်းမို့ အထူးကျေနပ်ဂုဏ်ယူရပါတယ်။
တပည့်တော် လက်ဆယ်ဖျာ ထိပ်မှာမိုး ထိချင်းငါးဖျာဖြင့် ဦးတင်လိုက်ပါရစေဘုရား။
ရီရီအေး ( သူနာပြု - ကညွှတ်ကွင်းမြို့ )

မှတ်ချက်များ