လူတစ်ယောက် အသက်ကို ကယ်ဖို့ အတွက် လူ ၂၀ ကျော်က မြို့ပတ်ကားကို မခဲ့ကြ


တရုတ်နိုင်ငံ Henan ပြည်နယ်က မြို့တစ်ခုမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မတော်တဆ မြို့ပတ်ကားအောက် ကျပြီး ဘီးနဲ့ ညှပ်နေပါတယ်။ ဒါကို မြင်တဲ့ လူတစ်ဦးဟာ အများကြားအောင် အော်ခေါ် စည်းရုံးခဲ့ပါတယ်။

ပြီးတော့ ပုံမှာ မြင်တွေ့ရသလိုပဲ တော်ရုံ မဖို့ မလွယ်ကူတဲ့ မြို့ပတ်ကားကို ယခုလို မခဲ့ကြပါတယ်။ ဒါကြောင့်မို့ ယင်းဘီးအောက်မှာ ၃ မိနစ်သာ ခံသွားရတဲ့ လူဟာ အသက် အန္တရာယ်မှ လွတ်မြောက် ခဲ့ပါတယ်။ အရိုးကြိုးတဲ့ ဒဏ်ကိုသာ ရရှိခဲ့ပြီး ဆေးရုံပေါ် တင်လိုက်ပါတယ်။ မိနစ်ပိုင်း အတွင်း ကယ်တင်နိုင်တာကြောင့် သွေး အလွန်အကျွံ ထွက်ခြင်း တို့လည်း မဖြစ်ခဲ့ ပါဘူး။

ဖြတ်သွား ဖြတ်လာ လူများဟာ ၎င်းတို့နဲ့ သွေးသား တော်စပ်ခြင်း မရှိပေမယ့် အသက်ကယ်ချင်တဲ့ စေတနာ အပြည့်နဲ့ ပြုလုပ်ခဲ့တာကြောင့် တရုတ်ပြည်ရဲ့ ဆိုရှယ် မီဒီယာ ကွန်ရက်မှာ ချီးကျူး ခံရပြီးတော့ နာမည်ကြီး
 နေပါတယ်။ ဗီဒီယိုကိုhttps://youtu.be/1v1PCU3pVG4 မှာ ကြည့်ရှု နိုင်ပါတယ်။

yoyarlay

မှတ်ချက်များ