ဖေဖေ မေမေ


ကိုယ့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် တစ်နေ့ပြီးတစ်နေ့ ကိုယ့်မိဘတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း
ပြောင်းလဲလာမှုကို သတိထားပြီး ဂရုတစိုက်ကြည့်မိပါသလား ???

ကိုယ့်အလုပ်၊ ကိုယ့်မိသားစုအရေးတွေနဲ့ ကိုယ့်မိဘတွေစိတ်ထဲ ဘာတွေတွေးနေမလဲ၊ သူတို့မျက်ဝန်း
လေးတွေက ဘာကိုမျှော်လင့်တောင့်တနေမလဲဆိုတာ သေချာပြန်ကြည့်မိပါသလား ???

အသက်တွေကြီးလာလေ၊ အိုမင်းမစွမ်းဖြစ်လာလေ၊ ရောဂါရလာလေ သူတို့မျက်ဝန်းလေးတွေမှာ အားငယ်မှုလေးတွေ၊ စိုးရိမ်မှုလေးတွေ တစ်စတစ်စပိုထင်ဟပ်လာတာ သတိထားကြည့်မိပါရဲ့လား ???

သူတို့လိုအပ်တာ သားသမီးတွေရဲ့နွေးထွေးမှု၊ ဂရုစိုက်မှု၊ အေးချမ်းတဲ့မေတ္တာတွေဆိုတာကော သင်သတိမ
ပြုမိဘဲ အမှုမဲ့၊ အမှတ်မဲ့ နေနေခဲ့မိလား ???

အခုမေ့နေမိတာ ပြန်အမှတ်ရသွားပြီဆိုရင်၊ အမေ… အဖေတို့လည်း သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အ
ချိန်မီသေးတယ်နော်…

သူတို့တွေမရှိတော့တဲ့အချိန်မှ ကိုယ်မျက်ရည်ကျလည်း အလဟဿဖြစ်သွားပါပြီ…

ကိုယ်ချင်းစာပါ… ကိုယ့်မိဘသက်ရှိထင်ရှားရှိနေတုန်း ကိုယ်လုပ်ပေးနိုင်တဲ့စိတ်အား၊ လူအား၊ ငွေအားအ
ကုန်လုံးနဲ့ မိဘကိုဂရုစိုက်ပေးလိုက်ပါ…

ဘာလို့ဆို ကိုယ်လည်းအသက်တွေကြီးလာပြီး သူတို့လိုအရွယ်ရောက်လာတဲ့အခါ ဒီလိုမျက်ဝန်းတွေနဲ့ပဲ 
ကိုယ့်သားသမီးလေးတွေဆီက မေတ္တာကိုမျှော်လင့်မိမှာမို့လို့ပါပဲ…

နှိုင်းရင့်နွေ

မှတ်ချက်များ