ဂျပန်ဝန်ကြီးချုပ်ရုံးခေါင်မိုးတွင် ရေဒီယိုသတ္တိကြွ အမှတ်အသားပါသည့် မောင်းသူမဲ့လေယာဉ်တစ်စင်းတွေ့ရှိ
အသေးစားကင်မရာတစ်ခု၊ ရေ တစ်ဘူး၊ အချက်ပြမီးတစ်ခုတို့အပြင် ရေဒီယိုသတ္တိကြွ အမှတ်အသားတစ် ခုပါဝင်သည့် မောင်းသူမဲ့လေယာဉ် တစ်စင်းကို ဗုဒ္ဓဟူးနေ့တွင် ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုအာဘေး၏ ရုံးခေါင် မိုး၌တွေ့ရှိခဲ့ကြောင်း ဒေသတွင်းမီ ဒီယာများ၏ ဖော်ပြမှုကို ဃဗြ သတင်းတွင် ထပ်မံဖော်ပြသည်။
ထိုဖြစ်ရပ်ကို ချက်ချင်းရှင်းရှင်း လင်းလင်းမသိရသေးပေ။ သို့သော် ဗုဒ္ဓဟူးနေ့၌ပင် ဂျပန်တရားရုံးတစ် ခုက ၂ဝ၁၁ ခုနှစ် ဖူကူရှီးမားဖြစ်ရပ် ကြောင့် နျူကလီးယားစွမ်းအင်ဆိုင် ရာ လုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ် မှုများကို လျစ်လျူရှုကာ နျူကလီး ယားဓာတ်အားပေးစက်ရုံတစ်ခု ပြန်လည်စတင်ရန် အတည်ပြုပေးခဲ့ သည်။
အခင်းဖြစ်ရာသို့ လေကြောင်း မှရိုက်ကူးထားသော ရုပ်သံရိုက်ချက် များအရ ဒလက်များပါသော မောင်း သူမဲ့လေယာဉ်ဟုယူဆရသည်ကို ကတ်ထူစက္ကူဖြင့်ဖုံးအပ်ထားသည် ကိုတွေ့ရပြီး ယင်းကို နောက်ပိုင်း တွင် အပြာရောင်အစတစ်ခုဖြင့် ပြောင်းလဲဖုံးအုပ်ခဲ့သည်။ ထိုအရာ အနီး၌ ဝန်းရံနေသော ရဲတပ်ဖွဲ့ဝင် များစွာကိုလည်း မြင်တွေ့နေရသည်။ ဂျပန်ပြည်တွင်ြုံ သတင်းဌာ နက ထိုလေယာဉ်ကို ဝန်ကြီးချုပ်ရုံး မှ အရာရှိတစ်ဦးက ရှာတွေ့ခဲ့ခြင်း ဖြစ်ပြီး ယင်းက အချင်း ၅ဝ စင်တီ မီတာခန့်ရှိသည်ဟု ဆိုသည်။
ယခုဖြစ်ရပ်ဖြစ်ပွားချိန်တွင် ဝန်ကြီးချုပ်အာဘေးသည် အာရှ- အာဖရိကထိပ်သီးအစည်းအဝေးပွဲ တစ်ခုအတွက် အင်ဒိုနီးရှားသို့ရောက် ရှိနေပြီး ဝန်ကြီးချုပ်ရုံးအရာရှိတစ် ဦးက ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားရန် ငြင်းဆန် ခဲ့သည်။
Yangon Media Group

မှတ်ချက်များ