အမေရိကားက တစ်ကိုယ်တည်းသမားတွေဆီကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရတော့ ရည်းစား မရှိသေးတဲ့၊ ရည်းစားနဲ့ပြတ်သွားတဲ့ စသဖြင့် အမျိုးသား ၈၇ရာခိုင်နှုန်းဟာ သူတို့ထက်ပိုတော်၊ ပိုအသိ ဥာဏ်ကြွယ်ပြီး ပညာအရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုသာ တွဲချင်ပါတယ်လို့ ဖွင့်ဟထားကြပါတယ်။ အဲ နောက်ထပ်ကောက်ယူထားတဲ့ စစ်တမ်းအရကြည့်ပြန်ရင်လည်း အမျိုးသားတွေဟာ သူတို့ထက် ပိုက်ဆံပို ရှာနိုင်ကြတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်း တွေ့ရပြန်ပါတယ်။
ဒီလို တစ်ကိုယ်တည်း သမားတွေထဲက ၄၄ရာခိုင်နှုန်းလောက်ဟာ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားနေချိန်မှာ ၊ နောက်ထပ် ၈၆ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ အမျိုးသမီးတွေကိုသာ ရွေးချယ်ချင်ကြပါသတဲ့။
ဒါ့အပြင် အရင်တုန်းကနဲ့ မတူတဲ့အရာကတော့ အမျိုးသမီးတွေဘက်ကစလို့ အမျိုးသားတွေကို ဒိတ်လို့ဖို့ ကမ်းလှမ်းတာမျိုးကို သူတို့သဘောကျ လက်ခံလာကြပြီဖြစ်တဲ့အပြင် အမျိုးသားတွေဟာ သူတို့ထက်မသာ သည့်တိုင်အောင် ပညာအရည်အချင်း၊ ပိုင်ဆိုင်မှုအနေအထား၊ အစစအရာရာကို သူတို့တွဲမယ့်အမျိုးသ မီးတွေဆီမှာ တန်းတူရှိစေချင်ကြတာပါပဲ။
Trend Myanmar

မှတ်ချက်များ