တစ်ညလုံး မအိပ်ပဲ စာလုပ်ခြင်းဟာ ထိရောက်မှုမရှိနိုင်



ကမ္ဘာတစ်ဝှမ်းလုံးက ကျောင်းသား ကျောင်းသူတွေဟာ စာမေးပွဲ တစ်ခုရှိပြီဆိုရင် တစ်ညလုံးမအိပ်ပဲ စာလုပ်ရခြင်းဟာ အထိရောက်ဆုံး နည်းလမ်းလို့ မှတ်ယူထားကြပါတယ်။

ဒါပေမယ့်လည်း မန်ဆာချူးဆက်ပြည်နယ် မှာရှိတဲ့ Brandeis တက္ကသိုလ် က သုတေသီ အဖွဲ့ကတော့ ဗဟုသုတဖြစ်ဖွယ် မှတ်သားဖွယ် စကားအနည်းငယ်ကို ပြောစရာရှိနေပါတယ်။ အဲဒါကတော့ ကော်ဖီခွက်ကိုချ
ပြီး အိပ်လိုက်ဖို့ပါ။

သူတို့ ယုံကြည်ထားတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ မှတ်ဥာဏ် ပိုင်းဆိုင်ရာ အာရုံကြောတွေဟာ ယာယီ မှတ်ဥာဏ်တွေကို ရေရှည်မှတ်ဥာဏ်တွေ အဖြစ် ပြောင်းလဲပေးနိုင်ပြီး ထို အာရုံကြောတွေဟာ အိပ်ပျော်နေတဲ့ အခါမှာ ပိုပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေ သိထားတာကလည်း အိပ်စက်ခြင်း ၊ မှတ်ဥာဏ် နဲ့ သင်ကြားမှုတွေဟာ နက်နဲစွာ ချိတ်
ဆက်ထားတယ်ဆိုတာပါပဲ။ တိရိစ္ဆာန်တွေကအစ လူသားတွေအဆုံး သတ္တ၀ါအားလုံးဟာ အိပ်ရေးမ၀ရင်
 မေ့လျော့မှုတွေ ဖြစ်စေတတ်ပါတယ်။

အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ပေါင်းစည်းခြင်း(Memory Consolidation) လို့ခေါ်တဲ့ ယာယီမှတ်ဥာဏ်တွေကို ရေရှည် မှတ်ဥာဏ်တွေအဖြစ် ပြောင်းလဲစေဖို့ လုပ်ဆောင်ပေးတဲ့အတွက် မအိပ်မနေ စာသင်ကြား 
ကျက်မှတ်ခြင်းဟာ ထိရောက်မှု မရှိနိုင်ကြောင်းကို သိပ္ပံပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ