Jahmani Swanson လို့အမည်ရတဲ့ အမေရိကန်ပြည်ထောင်စုက ဘတ်စ်ကတ်ဘော အားကစားသမားဟာ အရပ် လေးပေ ငါးလက်မ ပဲ ရှိပါတယ်။ ဒါပေမယ့် သူဟာ ဆုပေါင်း များစွာ ရရှိပိုင်ဆိုင်ထားတဲ့ နာမည်
ကျော် ဘတ်စ်စကတ်ဘော အားကစားသမား ဖြစ်ပါတယ်။
သူဟာ ငယ်ရွယ်စဉ်ကတည်းက ဘတ်စ်ကတ်ဘော ဆော့ကစားရတာ ဝါသနာ ပါသူ ဖြစ်ပြီး ကျောင်းပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ပါတယ်။ ငယ်တုန်းက မသိသာပေမယ့် အထက်တန်းကျောင်းတက်တဲ့အခါ တဖြည်းဖြည်းနဲ့ သူဟာ အရပ်ပု ကျန်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ ကစားဖော် ပြိုင်ဘက်တွေထက်ကတော့ အမြဲတန်း သာနေဆဲပါပဲ။ လက်ရွေးစင် အားကစားသမားလည်း ဖြစ်ပြီး ရုပ်သံလိုင်းတွေပေါ်မှာလည်း ပါဝင်လာပါ

တယ်။ အမေရိကန်အပြင် အခြားသော နိုင်ငံများသို့ လည်ပတ်ပြီး ကျောင်းများမှာ စိတ်ဓာတ်မြင့်တင်ရေး စကားများ ဟောပြောပေးပါတယ်။
ဘယ်အရာ မဆို လုပ်ရင်ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် မိမိ လုပ်ချင်တဲ့အရာ၊ လုပ်တဲ့ အရာကို ချစ်မြတ်နိုးဖို့တော့ လိုအပ်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ ဘတ်စ်ကတ်ဘော အားကစားကို တကယ်ချစ်မြတ်နိုးခြင်းကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ မိသားစု မျိုးရိုးလိုက် အရပ်ပုပြီး ညီဖြစ်သူကိုလည်း ပြန်လည် သင်ကြားပေးနေ ပါတယ်။ Jahmani ဘဝ တစ်လျှောက်လုံးမှာလည်း ဆု တွေရရှိပြီး လူအများစု လေးစား အားကျသူ တစ်ဦးလည်း ဖြစ်ပါတယ်။
yoyarlay

မှတ်ချက်များ