မင်္ဂလာ ဆောင်ခါနီး သတို့သား တစ်ယောက်၏ ခံစားချက်
တကယ် လေးလေး နက်နက် စဉ်စားမယ်ဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်တယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အများကြီး ကြိုတင် ပြင်ဆင်ခဲ့ရတယ်။ အရာအားလုံး အဆင်သင့်ဖြစ်မှ လက်ထပ်တာ အကောင်းဆုံးပါ။ အလွယ်တကူ မစဉ်းစားဘဲနဲ့ လက်ထပ်လိုက်ရတဲ့ သူတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါလိမ့်မယ်။
သို့ပေမယ့် တစ်ချို့ကတော့ အဆင်ပြေပေမယ့် တစ်ချို့ကြတော့ အဆင်မပြေ ဖြစ်ရပါတယ်။ မိန်းကလေး တစ်ယောက်ကို တာဝန်ယူပြီး ဘဝကို ရှေ့ဆက်ရမယ်ဆိုတဲ့ စိတ်က တကယ်တော့ လေးလန်ပါတယ်။ မိမိလက်ထပ်လိုက်တဲ့ အမျိုးသမီး ဖြစ်သူကို အကောင်းဆုံးထားချင် ကြတာဟာ အမျိုးကောင်းသား တိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။ တစ်ယောက်တည်း ပင်ပန်းဆင်းရဲတာက ပြဿနာ မရှိပါဘူး။
ဒါပေမယ့် လက်ထပ်ပြီးလို့ နှစ်ယောက်စလုံး ဆင်းရဲတာကတော့ မကောင်းဘူး။ နှစ်ဦးစလုံးလည်း ယုံကြည်မူ ရှိမှသာ လက်ထပ်တာ အကောင်းဆုံးပါ။ တစ်ယောက်နဲ့ တစ်ယောက် သံသယတွေ ရှိနေရင်တော့ လက်မထပ်ပါနဲ့ အုံးလို့ ကျွန်တော်ကတော့ တိုက်တွန်းပါရစေ။
ရိုးရာလေး

မှတ်ချက်များ