"အရီးလေး ကျွန်တော့်ကို မှတ်မိသေးလား"


"ဟယ် ငမန်းပါလား။ ကြည့်စမ်း ဒီအရွယ်တောင် ရောက်နေပြီ။ နင့်မလဲ စစ်ထဲဝင်သွား ပြီးကတည်းက ခုမှပဲ ပြန်ပေါ် လာတော့သကိုး"

"လူကသာ အလုပ်တွေ မအားလို့ ပြန်မလာ နိုင်တာပါဗျာ။ စိတ်ထဲမှာတော့ ရွာကို အမြဲ အောက်မေ့ နေတာ။ ဗွေးဒုတ်တို့ သာခင်တို့ရော နေကောင်း ကြတယ် မဟုတ်လား"


"ဗွေးဒုတ်ကတော့ မြို့မှာ မာဆတ် ဆိုလား မာဆွပ် ဆိုလား သွားပြီး အလုပ်လုပ် နေတယ်။ သာခင်ကတော့ မလေးရှားမှာ အလုပ်လုပ်ဖို့ ထွက်သွားတာ သေလား ရှင်လားတောင် မသိတော့ ပါဘူး။ ဘာသတင်းမှ မကြားတာ ကြာပေါ့"

"စိတ်မကောင်း လိုက်တာ အရီးလေးရာ။ ဒါနဲ့ ဘကြီးအောင်ရော။ ကျန်းကျန်းမာမာ ပဲလား"

"မင့် ဘကြီးအောင် ကတော့ သူပိုင်တဲ့ လယ်လေး တပ်ပိုင်မြေ အသိမ်းခံ ရလို့ အဲဒီစိတ်နဲ့ ဆုံးရှာပါပြီ"

"ဖြစ်မှ ဖြစ်ရလေဗျာ။ ဒါနဲ့ အရီးလေးမြေး ပေစိရော။ ဘယ်နှစ်တန်း ရောက်ပြီလဲ"

"သူက တက္ကသိုလ် ကျောင်းသားလေ။ ဒါပေမယ့် သူလည်း ဟိုတစ်ခါ ကျောင်းသားတွေ သပိတ်မှောက် တဲ့ထဲမှာ ပါလို့ အခု အချုပ်ထဲမှာ"

"အေးဗျာ။ ကြားရတာ စိတ်မကောင်း ပါဘူး။ ဒါနဲ့ အရီးလေး။ ဒီတစ်ခါ ရွေးကောက်ပွဲ ကျရင် ကျွန်တော်တို့ ပါတီကို မဲပေးနော်"

"အမလေး အရပ်ကတို့ရေ။ တော်တို့ ဒီလောက် ဒုက္ခပေးတာ အားမရကြ သေးဘူးလား။ ကန်တော့ပါ သေးရဲ့တော်"

(ပုံလေး ကြည့်ပြီး တွေးမိတဲ့ စကားတွေပါ)

Credit ~ Zin Thaw Naing

မှတ်ချက်များ