KLM လေကြောင်းလိုင်းမှာ လိုက်ပါလာတဲ့ ခရီးသည် တစ်ယောက်ဟာ အမြင့်ပေသုံးသောင်း အထက်မှာ လေယာဉ်တံခါးပေါက်ကို အိမ်သာ တံခါးထင်ပြီး ဆွဲဖွင့်ဖို့ ကြိုးစားခဲ့တာကြောင့် လေကြောင်းလိုင်း စီးနင်းခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။
Edinburgh ကနေ Amsterdam ကို ပျံသန်းလာတဲ့ KLM နယ်သာလန်လေကြောင်း လိုင်းလေယာဉ်မှာ လိုက်ပါလာသူ James Grey ကို အဆိုပါလုပ်ရပ်ကြောင့် ဒဏ်ကြေးငွေ ၆၀၀ ချမှတ်ခဲ့ပြီး၊ KLM လေကြောင်းလိုင်းမှာ စီးနင်းခွင့် ငါးနှစ်ပိတ်ပင်ခံခဲ့ရပါတယ်။
James Grey ရဲ့ အဆိုအရ သူဟာ လေယာဉ်တံခါးပေါက်ကို အိမ်သာတံခါးပေါက်နဲ့ မှားခဲ့ပေမယ့် တံခါးလက်ကိုင်ကိုသာ ကိုင်ခဲ့မိကြောင်းနဲ့ လေယာဉ်ဝန်ထမ်းတွေက လေယာဉ်တံခါးဖွင့်ဖို့ လုပ်တယ်ဆိုပြီး မတရား စွပ်စွဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Amsterdam Schiphol လေဆိပ်ကို လေယာဉ်ဆင်းပြီးပြီးချင်းမှာ Mr Gray ကို လုံခြုံရေးတွေကို ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပြီး နီးစပ်ရာ ရာဇ၀တ်မှုထိန်းသိမ်းရေးစခန်းကို ပို့ ဆောင်ခဲ့ကြောင်း သိရပါတယ်။ Mr Gray ဟာ KLM လေကြောင်းလိုင်းစီးနင်းခွင့် ငါးနှစ်ပိတ်ပင်ခံခဲ့ရသလို ယူရို ၆၀၀ ဒဏ်ကြေးပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အပန်းဖြေခရီး ထွက်လာတဲ့ Mr Gay ဟာ ၇၅၀ ယူရိုသာ ယူဆောင်လာခဲ့တာကြောင့် Amsterdam မှာ ဆက်နေဖို့ အတွက် မိတ်ဆွေတစ်ယောက်ဆီက ပိုက်ဆံချေးခဲ့ရတယ်လို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ