ဝင်းထရံက သံမှိုများ


တခါတုန်းက အလွန်ဒေါသထွက်တတ်တဲ့ လူငယ်လေး တယောက်ရှိသတဲ့ ။
သူ့အဖေက သူ့သားကို ဆုံးမချင်တော့ သံမှိုတွေပါတဲ့ အိပ်တအိပ်ပေးပြီး ၊ မင်းဒေါသထွက်တဲ့ အခါတိုင်း အိပ်နောက်ဖေးက ဝင်းထရံမှာ တူနဲ့ သံတချောင်းရိုက်ဆိုပြီး သံမှိုအိပ်ကိုပေးသတဲ့ ။
ပထမရက်မှာ သားဟာ ဒေါသထွက်တိုင်း ရိုက်လိုက်တဲ့သံဟာ ၃၇ ချောင်းတောင်ရှိသတဲ့ ။

နောက်ထပ် သတင်းပတ် အနည်းငယ်ကြာတဲ့အခါ သူရိုက်တဲ့ သံမှို အရေအတွက်ဟာ နည်းသွားတာကို သတိထားမိတယ် ။
လူငယ်လေးဟာ ဒေါသကို ထိန်းချုပ်တာဟာ အိပ်နောက်ဖေးသွားပြီး သံရိုက်ရတာထက်တောင် လွယ်ကူနေတာကို သတိထားမိသွားသတဲ့ ။
နောက်ဆုံးမှာ လူငယ်လေးဟာ ဒေါသကိုလုံးဝ ထိမ်းချုပ်သွားနိုင်ပြီး ထိုအကြောင်းကို သူ့အဖေကို ပြောပြခဲ့တယ် ။

သူ့အဖေက အကယ်၍ တနေကုန် ဒေါသမထွက်တဲ့နေ့ ဖြစ်ခဲ့ရင် ထိုနေ့မှာ သံမှိုတချောင်းကို ဝင်းထရံမှာ သူရိုက်ခဲ့တဲ့နေရာက ပြန်နှုတ်ဖို့ ပြောသတဲ့ ။
ဒီလိုနဲ့ပဲ နောက်ဆုံးမှာ လူငယ်လေးဟာ သူသံမှိုတွေ အားလုံးကို ပြန်နုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်း သူ့အဖေကို ပြောပြနိုင်ခဲ့တယ် ။

ဖခင်ဟာ သားရဲ့လက်ကိုဆွဲကာ နောက်ဖေး ဝင်းထရံဆီကို ခေါ်သွားပြီး ။ မင်းတော်တယ်ငါ့သား ဒါပေမဲ့ ဝင်းထရံကို ကြည့်လိုက်ပါအုန်း သံရိုက်ခံခဲ့ရတဲ့ အပေါက်တွေတွေ.လား ။ ဝင်းထရံဟာ မူလနဲ့ မတူတော့ဘူး ။ ဥပမာ မင်းကလူတယောက်ကို ဓါးနဲ့ထိုး ၊ ပြန်နုတ်ပြီးတော့ တောင်းပန်တယ်ဆိုပါတော့ ။ မင်းဘယ်နှစ်ကြိမ်ပဲ တောင်းပန်တောင်းပန် ဓါးနဲ့ အထိုးခံရသူမှာတော့ ဒဏ်ရာဟာ ဖြစ်သွားခဲ့ပြီ ။ ဒီလိုပဲ မင်းက တပါးသူတွေကို ဒေါသအလျှောက်ပြေဆိုပြုမူလိုက်တဲ့အခါ ၊ တဖက်သားလူရဲ့ စိတ်ထဲမှာ ဒီဝင်းထရံက အပေါက်ကလေးတွေလို အနာတရ ဖြစ်ကျန်ရစ်တတ်တယ် ။

သားငယ်လည်း ဖခင်ရဲ့ ထိရောက်တဲ့ဆုံးမမှုကို နားလည်သွားပြီး ၊ တကယ်လို့များ သားက အဖေ့ကို ဒေါသအလျှောက် ပြောခဲ့ဘူးတာမျိုးရှိရင် အဖေခွင့်လွတ်နိုင်လိမ့်မယ် ထင်ပါတယ် လို့ ဖခင်ကို တောင်းပန်တဲ့အခါ ၊

ဖခင်ဖြစ်သူ ပြန်ပြောလိုက်တာက
” အို ၊ ဘာလို့ခွင့်မလွတ်နိုင်ရမှာလဲ ၊ အဖေကခွင့်လွတ်ပြီးသားပါသားရယ် ။”

ရဲသူရိန်မင်း

မှတ်ချက်များ