ရော်နယ်ဒိုရဲ့ ရာသီအစ သွင်းဂိုးများ ၅နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေ


ရီးရဲလ် တိုက်စစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက ဒီရာသီအစမှာ ရဂိုး အရေအတွက် နည်းပါးနေပြီး နောက်ဆုံး၅နှစ်အတွင်း သွင်းဂိုး အနည်းပါးဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုက လာလီဂါ ပွဲစဉ်၆ပွဲမှာ ဂိုးသွင်းနိုင်တဲ့ပွဲ ၁ပွဲသာ ရှိထားပြိး အက်စ်ပန်ညိုနဲ့ ပွဲစဉ်မှာတော့ တစ်ပွဲတည်းမှာ ၅ဂိုးအထိ သွင်းယူထားပါတယ်။

၆ပွဲအတွင်း ၅ဂိုး သွင်းယူထားနိုင်ပေမယ့် ၂၀၁၀-၁၁ နောက်ပိုင်း ရာသီအစ အဆိုးဆုံး ရလဒ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေက သွင်းဂိုးတွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် သွင်းဂိုး အရေအတွက်က အနည်းဆုံး ဖြစ်နေတာလည်း ဖြစ်နေပါတယ်။

စနေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မာလာဂါ ဂိုးသမား ကာမီနီကလည်း အကောင်းဆုံး လက်စွမ်းပြခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့ အသင်းဖော် မာဆယ်လိုကတော့ သူ့အနေနဲ့ ဂိုးတွေ ပြန်သွင်းနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ