အနီးစခန်း ဓာတ်တော်ချိုင့် ရေတံခွန်သည် ပြင်ဦးလွင်မြို့မှ ခုနစ် မိုင်၊ အနီးစခန်းမှ ရေတံခွန်ကုန်းထိပ် ဈေးဆိုင်တန်းအထိ တစ်မိုင် တစ်ဖာ လုံဝေးကွာပြီး အောက်ခြေရေတံခွန် ရောက်သည်အထိ တောလမ်းခရီးမှ ပေ ၁ဝဝဝ ကျော် ဆက်လက်ဆင်း သွားရသော်လည်း ရေတံခွန်၏ မြင့်မားပြီး သာယာလှပမှုတို့ကြောင့် နေ့စဉ် လာရောက်လည်ပတ်ကြသူ များပြားလျက်ရှိကြောင်း သိရသည်။
သို့သော်လည်း ရေတံခွန်သို့ သွားလာရန် လမ်းခရီးကြမ်းတမ်းခြင်း၊ ရေတံခွန်အနီး ပတ်ဝန်းကျင်၌ သဘာဝတောတောင် လျှိုမြောင် ရေအိုင်များပေါများခြင်း၊ နေ့စဉ် အထမ်းဖြင့် လာရောက်ရောင်းချသော သာမန်ဈေးဆိုင်ငယ်လေး တစ်ဆိုင် သာ ရေတံခွန်တွင်ရှိနေခြင်း၊ လာ ရောက်လည်ပတ်သူများအား သတိ ပေးတားမြစ်သည့် ဆိုင်းဘုတ်များနှင့် လုံခြုံရေး အစောင့်အရှောက်များမရှိ ခြင်းတို့အပြင် လည်ပတ်သူတို့ကလည်း ဆင်ခြင်မှုကင်းမဲ့စွာ လည်ပတ်ရေချိုး ရေဆော့ကစားကြသဖြင့် မကြာခဏ ရေနစ်သေဆုံးမှုများ ဖြစ်ပေါ် ခဲ့သည်။
တောတောင်များအတွင်း ကျွမ်းကျင်မှုမရှိဘဲ ဝင်ရောက်သွား လာသူတို့ကြောင့် ၂ဝ၁၁ ခုနှစ်က ဧည့်သည် ခုနစ်ဦး ပျားကြီး(ပဒူ) တုပ်ခံရ၍ သေဆုံးခဲ့ခြင်း စသည့် ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ဖူးရာ လာရောက် လည်ပတ်သူများမှာ သတိထားလည် ပတ်ကြရန်နှင့် တာဝန်ရှိသူတို့ကလည်း လုံခြုံရေးအစီအမံများ ပြုလုပ်ပေး ထားရန်လိုအပ်ကြောင်း ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရ သည်။
သက်နိုင်(ပြင်ဦးလွင်) - Myanmaalinn
သက်နိုင်(ပြင်ဦးလွင်) - Myanmaalinn

မှတ်ချက်များ