ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် သားအိမ်အစားထိုးမှုများ စတင်


ဗြိတိန်နိုင်ငံတွင် သားအိမ်အစားထိုးခွဲစိတ်ရန်အတွက် ဆရာဝန်များက ခွင့်ပြုချက်ရရှိခဲ့ပြီးတဲ့နောက်မှာ အမျိုးသမီးအုပ်စုငယ်တစ်စုကို ခွဲစိတ်တော့မှာဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ပထမဦးဆုံးဖြစ်လာမယ်လို့ သိရပါတယ်။ ကျန်းမာရေးသုတေသနအာဏာပိုင် အဖွဲ့ကနေ အတည်ပြုခဲ့တဲ့အတိုင်း သားအိမ်အစားထိုးခွဲစိတ်မှုပေါင်း ၁၀ခု ကိုပြုလုပ်မှာပါ။

လာမယ့်နွေဦးရာသီမှာ ခွဲစိတ်မှုကိုစတင်ပြုလုပ်မှာဖြစ်ပြီး အောင်မြင်သွားခဲ့ပါက သားအိမ်အစားထိုးမှုကနေ မွေးဖွားလာတဲ့ ပထမဆုံးကလေးငယ်ကို ၂၀၁၈ခုနှစ်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံမှာ များမကြာမီနှစ်ပိုင်းအတွင်းက သားအိမ်အစားထိုးမှု အောင်မြင်ခဲ့ပြီးနောက်ပိုင်း ယခုလို ဗြိတိန်နိုင်ငံမှာ ဆေးဘက်ဆိုင်ရာခွင့်ပြုချက်တွေ ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆွီဒင်နိုင်ငံမှာ သားအိမ်အစားထိုးမှု ၉ခု ပြုလုပ်ခဲ့ပြီး သားအိမ်အစားထိုးမှုမှမွေးဖွားလာသောကလေးကို ပေးစွမ်းနိုင်တာ ကမ္ဘာ့ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

ဆွီဒင်နိုင်ငံမှာက သက်ရှိအမျိုးသမီးတွေကနေ သားအိမ်ကို လှူဒါန်းခဲ့တာဖြစ်ပေမဲ့ ဗြိတိန်မှာတော့ ခန္ဓာကိုယ်ကျန်းမာဆဲဖြစ်တဲ့ သေဆုံးကာစအမျိုးသမီးအလှူရှင်တွေစီကနေ သားအိမ်ကိုရယူမှာဖြစ်တယ်လို့ သိရပါတယ်။ အောင်မြင်သွားခဲ့ပါက IVF နဲ့တဆင့် သန္ဓေရယူနိုင်မှာဖြစ်ပါတယ်။ အသစ်ထည့်လိုက်တဲ့ သားအိမ်ဟာ သားဥလွှဲပြောင်းပြွန်နဲ့ ချိတ်ဆက်ထားမှာ မဟုတ်တဲ့အတွက်ကြောင့်ပါ။

Skyler - သစ်ထူးလွင်
Ref:UPI

မှတ်ချက်များ