The Game တစ်ယောက် ဥပဒေနဲ့ပြဿနာတက်နေပါတယ်။ ဥပဒေဆိုတာကို မသိဘူးလားရယ်လို့တောင် လူတွေကပြောနေကြပါတယ်။ ပန်းသီးကြီးလို့ အမည်ရတဲ့ နယူးယောက်မြို့ကို နောက်တစ်ခါခြေချလာရင် ဖမ်းမယ်ဆိုပြီး နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
Star and Bucwild Fame အစီအစဉ်ရဲ့ ယခင်ရေဒီယိုကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ DJ Envy ကို The Game က ခြိမ်းခြောက်မှုတွေပြုခဲ့တာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ နယူးယောက်ပို့စ်မှာ ဖတ်ရပါတယ်။ The Game ကိုဝေဖန်ရှုံ့ချမှုပြုခဲ့တဲ့အတွက် သူငယ်ချင်း DJ Envy ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
“ငါပြောမယ်၊ သားကြီး၊ မင်းရဲ့ မေးရိုးကိုချိုးပစ်မယ်။ Envy ဆိုတာ ငါ့ရဲ့ခွေးပဲ။ ငါမင်းကိုတွေ့တာနဲ့ မင်းရဲ့မေးရိုး ချိုးမှာ။” လို့ The Game က ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
DJ Envy က ဒီခြိမ်းခြောက်မှုကိုကြားပြီးနောက် My Life is in Danger (SHOT97) ဆိုပြီး YouTube ပေါ်မှာ တင်ခဲ့ပါတယ်။ iHeart Radio နဲ့ Revolt TV တို့ကို တရားစွဲဖို့ကိုလည်း သူ စဉ်းစားနေပါပြီ။ The Game ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ရဲတွေဆီ အကြောင်းကြားခဲ့ပါတယ်။
“ကျွန်တော့် Show မှာ The Game ကိုလာဖို့ လက်ဆင့်ကမ်းခဲ့တယ်။ ဒါကို The Game က တင်းနေတာ။ The Game တစ်ယောက် ရူးသွားပြီထင်တယ်။” လို့ DJ Envy ကပြောခဲ့ပါတယ်။
Skyler - သစ်ထူးလွင်
Ref:theboombox
Ref:theboombox

မှတ်ချက်များ