အိန်္ဒိယနိုင်ငံ၏ အချမ်းသာဆုံး တစ်ဦးဖြစ်သော ယိုဂက်မီတာ၏ သားဖြစ်သူ ရိုဟန်မီတာ၏ လက်ထပ်ပွဲကို အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ကျင်းပခဲ့ရာ သုံးရက်အတွင်း ကုန်ကျခဲ့သည့် မင်္ဂလာစရိတ်သည် ပေါင် (၁၄) သန်းအထိ ရှိခဲ့သည်။ ငယ်ရွယ်နုပျိုသော အိန်္ဒိယလူမျိုး အများအပြားသည် ဖလောရင့်စ်မြို့တွင် မင်္ဂလာပွဲ ဆင်နွှဲခဲ့ခြင်းကြောင့် အံ့အားသင့်စရာ မြင်ကွင်းဖြစ်ခဲ့သည်။ အိန်္ဒိယရိုးရာ အ၀တ်အစားများဖြင့် တိုင်းတစ်ပါးသို့လာရောက်ကာ မင်္ဂလာပွဲကိုခမ်းနားစွာ ကျင်းပပြုလုပ် ခဲ့ခြင်းကြောင့် အီတလီမီဒီယာများအတွက် ထူးခြားသည့် သတင်းတစ်ခုဖြစ်ခဲ့သည်။
သတို့သား ရိုဟန်မီတာနှင့် သတို့သမီးရို့စ်နီ တို့၏ မင်္ဂလာပွဲကို သုံး ရက်တိုင်ကျင်းပရာတွင် စားကောင်းသောက်ဖွယ်များ၊ ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းခဲ့ သည်။ ဒူဘိုင်းတွင် ရေနံလုပ်ငန်းဖြင့် ချမ်း သာကြွယ်ဝနေသော ယိုဂက်မီတာသည် သားဖြစ်သူ၏ မင်္ဂလာပွဲကို အကောင်းဆုံးပြုလုပ်ပေးခဲ့သည်။ အိန်္ဒိယလူမျိုးများသည် သူတို့၏ရိုးရာယဉ်ကျေးမူကို တန်ဖိုးထားကြောင်းကို ယခုမင်္ဂလာပွဲတွင် မြင်တွေ့ရခဲ့ရသည်။ ချမ်းသာသော်လည်း အနောက်တိုင်း ပုံစံမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ ရိုးရာပုံစံဖြင့်သာ ပြုလုပ်ခဲ့သည်။ အိန်္ဒိယရိုးရာအကနှင့် အစားအစာများဖြင့် ဧည့်ခံမှုပြုလုပ်ခဲ့သည်။
မင်္ဂလာပွဲကို ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝှမ်းရှိ ဧည့်သည်များသည် လေယာဉ်များဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဧည့်သည်များကို အကောင်း ဆုံးဟိုတယ်များတွင် ထားရှိပေးခဲ့သည်။ ဧည့်သည် (၅၀၀) ခန့်လာရောက်ခဲ့ပြီး ဆင်များဖြင့် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း တာဝန်ရှိသူများ၏ တားမြစ်မူကြောင့် အကောင်အထည်မပေါ်ခဲ့ကြောင်း သိရသည်။

ယိုဂက်မီတာသည် သားဖြစ်သူ၏ မင်္ဂလာပွဲအကြောင်းကို တွစ်တာတွင်ရေး သားပြီး အသိပေးမှုပြုလုပ်ခဲ့သည်။ယိုဂက်မီတာ၏ ချမ်းသာကြွယ်ဝမူသည် ဒေါ်လာ (၆၂၃) သန်းရှိကြောင်း သိရသည်။ ရိုဟန်မီတာသည် အင်္ဂလန်တွင် ဘွဲ့ရရှိထားပြီး ဖခင်ဖြစ်သူ၏အမွေကို ဆက်ခံကာ ရေနံ ရောင်းဝယ်ရေးကို လုပ်ကိုင်သွားမည်ဖြစ် ကြောင်း သိရသည်။
messenger news journal

မှတ်ချက်များ