ဟောင်ကောင်မိုးမျှော်တိုက်တွေကို တည့်မတ်ရာ ၀ါးငြမ်းများ
ဟောင်ကောင်ကျွန်းက မိုးမျှော်တိုက်တွေဟာ နာမည်နဲ့လိုက်အောင် မိုးထိလုမတတ်ဖြစ်နေပေမယ့် ဒီတိုက်တွေကို တည်ဆောက်ချိန်မှာတော့ ရှေးရိုးနည်းလမ်းဖြစ်တဲ့ ၀ါးငြမ်းတွေကို သုံးစွဲပါတယ်။
တည်ဆောက်ရေးလုပ်ငန်းခွင်တွေဟာ ခေတ်မီနည်းပညာတွေသုံးစွဲပေမယ့် ရာစုနှစ်များစွာတည်တံ့နေအောင်တည်ဆောက်တဲ့ ဒီတိုက်တွေ အသီးသီးပေါ်ထွန်းလာဖို့ကတော့ ၀ါးငြမ်းတွေကသာ အဓိကကျနေပါတယ်။
ကျွမ်းကျင်တဲ့ငြမ်းဆင်သူတွေဟာ မြေပြင်ကနေ ပေ ၁၀၀၀ အထိမြင့်တဲ့ ဒီအဆောက်အဦတွေအတွက် ငြမ်းဆင်ပေးကြပြီး သူတို့ရဲ့တစ်ဖွဲ့လုပ်အားနှုန်းက တစ်ရက်ကို စတုန်ရန်းပေ ၁၀၀၀ ရှိပြီး စီမံကိန်းအကြီးတွေရဲ့ ၀ါးငြမ်းဧရိယာဟာ စတုရန်းပေ ၂၁၅၀၀၀ အထိရှိတတ်ပါတယ်။
သာမန်ငြမ်းဆင်လုပ်သားတစ်ယောက်ဟာ တစ်ရက်လုပ်ခ ဟောင်ကောင်ဒေါ်လာ ၁၄၀၀ ရပြီး သူတို့ဟာ ၂၃ ပေရှိတဲ့ ၀ါးလုံးတွေကို ပလတ်စတစ်ကြိုးနဲ့ချည်ကာ ငြမ်းဆင်ပြီးနောက် နိုင်လွန်ပိုက်တွေနဲ့ အုပ်ပေးရတာပါ။
ဒီလုပ်ငန်းခွင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက ရှိခဲ့တယ်လို့ ယူဆရပေမယ့် ပူပြင်းမှုဒဏ် အပူပိုင်းမုန်တိုင်းတွေကြောင့် ၀ါးလုံးငြမ်းဆင်တဲ့နယ်ပယ်ထဲကိုရောက်လာတဲ့ လုပ်သားဦးရေကတော့ တစ်နှစ်ကို ၃၀ ကနေ ၅၀ အထိသာ ရှိတော့တယ်လို့ သိရပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)










မှတ်ချက်များ