ဒီလို Link တစ်ခုရှိရုံနဲ့ အသုံးပြုနိုင်တော့မယ်ဆိုတဲ့ စနစ်ကို သင် ကြားဖူးမှာပါ။ ပြီးခဲ့တဲ့ လ တုန်းကလည်း Skype ဟာ အလားတူ လုပ်ဆောင်ချက်တစ်ခုကို လုပ်ခဲ့ပါသေးတယ်။ URL အခြေခံတဲ့ ဖိတ်ခေါ်ခြင်း စနစ်ကို ထည့်သွင်းထားပြီး ထို ဖိတ်ခေါ်စနစ်ဟာ ဧည့်သည်တွေကို အကောင့် တစ်ခုပိုင်ဆိုင်စရာ မလိုပဲ စကားပြောနိုင်အောင် ခွင့်ပြုပေးထားပါတယ်။
Google ရဲ့ ဗားရှင်းမှာတော့ Link ကို ပြက္ကဒိန် အခြေခံ အခမ်းအနား ဖိတ်ကြားစနစ်ထဲ တိုက်ရိုက်ထည့်သွင်းလိုက်ပြီး အခမ်းအနား ကို စတင် စီစဉ်သူတွေအနေနဲ့ ဧည့်သည် အသုံးပြုသူ တွေ တွေ့ဆုံမှုကို လာရောက် ဆက်သွယ်တဲ့အခါမှာ လက်ခံမယ် ၊ လက်မခံဘူးကို ခွင့်ပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အွန်လိုင်းမှာ ဗီဒီယို နဲ့ တွေ့ဆုံမှုတွေကို Google အကောင့်မရှိသူတွေအနေနဲ့လည်း ဧည့်သည် အသုံးပြုသူ တစ်ယောက်အဖြစ် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
Mario - သစ်ထူးလွင်
Ref : Engadget

မှတ်ချက်များ