| ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ် ။ Photo: Kyaw Myo Min/ RFA |
မနက် ၉ နာရီကနေ ၁၁ နာရီလောက်ထိ နှစ်နာရီကြာဆက်တိုက် တိုက်ခိုက်သံတွေကြားနေရတယ်လို့ မိုးညင်းဒေသခံတဦးဖြစ်တဲ့ ဦးဖေစိန်က RFA ကိုပြောပါတယ်။
"၉ နာရီလောက်ကနေ ၁၁ နာရီလောက်ကြာ လက်နက်ကြီးသံတွေစ်သံတွေက လက်နက်ကြီး ရာဂဏန်း ရှိမယ်လို့ ထင်တာပဲ၊ ပစ်နေတာ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ နာက် လက်နက်ငယ် ပစ်သံတွေလည်း တစ်ဒုတ်ဒုတ်တစ်ဒက်ဒက်နဲ့ ကြားနေရတယ်၊ အဲ့ဒီ ၁၁ နာရီလောက် ပြီးတဲ့နောက်ပိုင်းတော့ နည်းနည်းကျဲသွားပြီးမှ ကြိုကြားကြိုကြား လက်နက်ကြီးသံ တစ်ခ်တစ်ချက် အဲ့လိုပဲကြားရတယ်"
မြန်မာစစ်တပ်က မိုးညင်းမြို့ပတ်လမ်းကနေ လှမ်းပစ်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ တဝိုက်မှာ ရွာမရှိတဲ့အတွက် လူတွေထွက်ပြေးရတာမျိုး မရှိသလို မိုးညင်းမြို့မှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ဈေးတွေစောစောစီးစီး ပိတ်သိမ်းကြသလို၊ ကျောင်းသားတွေလည်း ပုံမှန်ကျောင်းလွှတ်ချိန်ထိ မနေရဲကြပဲ အိမ်ပြန်ကြတာရှိတယ်လို့ သိရပါတယ်။
RFA Burmese
မှတ်ချက်များ