ဖောက်ထွင်းသူခိုးဟု သံသယရှိခံရသူတစ်ဦး မီးခိုးခေါင်းတိုင်ထဲတွင် အရှင်လတ်လတ် မီးရှို့ခံရ
ဖောက်ထွင်းသူခိုးလို့ သံသယရှိခံရသူတစ်ဦးဟာ အိမ်တစ်အိမ်ရဲ့ မီးခိုးခေါင်းတိုင်ထဲကတဆင့် ဝင်ရောက်ခဲ့ပြီး အရှင်လတ်လတ် မီးရှို့ခံရကာ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ ဖောက်ထွင်းသူခိုး ဝင်ရောက်နေတဲ့ မီးခိုးခေါင်းတိုင်အောက်ဘက်ကနေ အိမ်ရှင်က မီးမွှေးခဲ့တာကြောင့် ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ Cody Caldwell ဆိုသူဟာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မီးခိုးခေါင်းတိုင်အတွင်း ပိတ်မိပြီးနောက် မီးခိုးငွေ့တွေ ရှူရှိုက်ခဲ့ရပါတယ်။ မီးလင်းဖိုမှာ မီးမွှေးပြီးတဲ့နောက် တစ်ယောက်ယောက်က အော်ဟစ်ခဲ့တာကို အိမ်ပိုင်ရှင်က ကြားခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။
မီးခိုးခေါင်းတိုင်ထဲမှာ လူတစ်ယောက် ရှိနေတယ်ဆိုတာ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် အိမ်ပိုင်ရှင်ဟာ မီးကို ငြှိမ်းသတ်ခဲ့ပြီး ရဲစခန်းကို ဖုန်းဆက်ခဲ့တယ်လို့ ကယ်လီဖိုးနီးယာပြည်နယ်၊ ဖရက်စနို စီရင်စု ငြိမ်ဝပ်ပိပြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ Tony Botti ရဲ့ပြောကြားချက်အရ သိရပါတယ်။
Skyler - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ