ခုံအဖွဲ့ ဆုံးဖြတ်ချက်က ဒေသတွင်း ပဋိပက္ခ ပိုဆိုးသွားစေနိုင်

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ မတ် ၂၁ ရက်က သတင်းထောက်များကို ရှင်းလင်းပြောကြားနေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
လာမယ့်နှစ်လအတွင်းမှာ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေကြတဲ့ကျွန်းတွေရဲ့ ပိုင်ဆိုင်မှုကိုဟော် လန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်ချမှာဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံက တင်ပြလာတဲ့အမှု ကိုစီရင်ဆုံးဖြတ်မှာဖြစ်တယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ကမ်းလွန်ကျွန်းတချို့ကို တရုတ်နိုင်ငံက တရားမဝင် ကျူးကျော်ထားတယ်လို့ ဆိုထားတယ်။ သမိုင်းတင်ထားတဲ့ မြေပုံမှာဆွဲထားတဲ့ "9-dash line" မျဉ်း (တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်းပြထားတဲ့ နယ်နိမိတ်မျဉ်း)ကြောင့် ဒီကျွန်းတွေကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်တယ်လို့ အတည်ပြုပြောကြားကာ သဟေ့ဂ်
မြို့မှာပြုလုပ်မယ့် ခုံရုံးကို မတက်ရောက်ဘူးလို့ ငြင်းဆိုခဲ့တယ်။

ကုလသမဂ္ဂအဖွဲ့က ပြဋ္ဌာန်းထားတဲ့ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေနဲ့ဆက်စပ်တဲ့ ပဋိပက္ခတွေကို ပြေလည်မှု ရအောင်ဆောင်ရွက်ပေးတဲ့ခုံရုံးဟာ တရုတ်နိုင်ငံဘက်က မတရားဘူးလို့ ဆုံးဖြတ်ချက်ချမှာကို ကြားနေအဖြစ် လေ့လာတဲ့ နိုင်ငံအများစုကယုံကြည်ကြတယ်။

ဒီလိုသာဆိုရင် အရေးပါတဲ့ အထင်ကရ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာကာ ဒီဒေသ တစ်ဝန်း တင်းမာမှုတွေ
 မြင့်မားလာစေဖွယ် ရှိတယ်။အခုအချိန်မှာဆိုရင် တရုတ်နိုင်ငံက ဒီဒေသကို နှစ်ပေါင်း ၁,ဝဝဝ ကျော်
စိုးမိုး လာခဲ့ပြီး မနီလာအစိုးရက ထိစပ်မှု ၃၈ နှစ်သာရှိပြီး ပိုင်ဆိုင်တယ်လို့ ပြောတဲ့အတွက် ခုံရုံးရဲ့
ဆုံးဖြတ်ချက်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိဘူးလို့ ပေကျင်းအစိုးရက အလေးအနက် ပြောထား
တယ်။

မတူတာတစ်ခုကတော့ ဒီကျွန်းတွေကို ပိုင်ဆိုင်တယ်လို့ဆိုကြတဲ့ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ကနိုင်ငံ
တကာ ဖျန်ဖြေမှုကို လိုလားတာကို ထောက်ခံတဲ့ အမေရိကန်နိုင်ငံက သဟေ့ဂ်ခုံရုံးကနေ ထွက်လာမယ့် ဆုံးဖြတ်ချက်ဟာ အင်မတန်အရေးကြီးပြီး အမေရိကန်နိုင်ငံရဲ့ ရှုထောင့်က ဥပဒေအရ တရား
ဝင်တယ်လို့ ပြောထားတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က အရှေ့အာရှ ရေးရာ အမေရိကန် လက်ထောက်အတွင်းဝန် ဒယ်နီယယ်ရပ်ဆဲလ်က တရုတ်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံလား၊ ဒါမှမဟုတ် ဥပဒေကို မထီမဲ့မြင်
ပြုပြီး သတ်မှတ်ထားတဲ့ စနစ်တစ်ခုရဲ့ အပြင်လူအဖြစ် အမြင်ခံဖို့ ပြင်ဆင်ထား သလားဆိုတာကို 
မှတ်ကျောက်တင်မှာ ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့တယ်။

ဒီတော့ ကျွန်းတွေကို မပိုင်ဆိုင်ကြတဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့ မပြောဘဲ သိသာတဲ့
ပေကျင်းအစိုးရအပေါ် ထောက်ခံမှုနဲ့ ကျွန်းတွေပိုင်ဆိုင်တယ်ဆိုတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ
တွေကို ထောက်ခံတဲ့ အမေရိကန်အစိုးရတို့ ပဋိပက္ခ ဖြစ်ဖို့ အလားအလာတွေ ပေါ်လာခဲ့တယ်။

ဒီကိစ္စဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ အခုဆိုရင်ပဲ တရုတ်နိုင်ငံရဲ့ စစ်ပုံစံသွင်းမှုနဲ့ ရန်လိုတဲ့
အပြုအမူတွေကြောင့် ကြီးမားတဲ့ စိုးရိမ်ပူပန်မှု ဖြစ်လာရာမှာ အထူးသဖြင့် ဒေသတွင်း စွမ်းစွမ်း
တမံ နိုင်ငံဖြစ်ကာ ကျွန်းတွေကို ပိုင်ဆိုင်သူလည်းမဟုတ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာသေးခင်က
ဒီ ရုတ်ရုတ်သဲသဲ အခြေအနေနဲ့ ပတ်သက် လာပုံပဲဖြစ်တယ်။

မတ် ၂ဝ ရက်က အင်ဒိုနီးရှားကင်းလှည့် သင်္ဘောတစ်စင်းဟာ ကွေဖေး (Kway Fey) အမည်ရှိတဲ့
တရုတ်ငါးဖမ်းသင်္ဘောကို ဖမ်းဆီးခဲ့တယ်။ ဒီသင်္ဘောဟာ တောင်တရုတ် ပင်လယ်ရဲ့ တောင်ဘက်
အကျဆုံး နာတုနား (Natuna) ကျွန်းစုအနီးက ရေပြင်မှာ ငါးဖမ်း ခဲ့တာဖြစ်တယ်။

နာတုနားကျွန်းတွေဟာ အင်ဒိုနီးရှားပိုင် ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ဒီကျွန်းတွေကို ပိုင်တယ်လို့
မပြောပေမဲ့ တရုတ်နိုင်ငံ သတ်မှတ်ထားတဲ့ "9-dash line" မျဉ်းက ဒီကျွန်းစုပတ်ဝန်းကျင် ရေပိုင်နက်
ကို ကျူးကျော်ထားတယ်။

ဒီရေပိုင်နက်ဟာ အစဉ်အဆက် တရုတ်နိုင်ငံရဲ့ ငါးဖမ်းတဲ့နေရာတွေ ဖြစ်တယ်လို့ တရုတ်အစိုးရက
ရဲရဲတင်းတင်း ပြောထားတယ်။ အင်ဒိုနီးရှားအစိုးရကလည်း တရုတ်အစိုးရရဲ့ ပြောဆိုချက်ကို လုံးဝ
လက်မခံဘဲ တရုတ် တံငါသည်တွေကို ထိန်းသိမ်းပြီး သူတို့ရဲ့ ငါးဖမ်းသင်္ဘောကို ကမ်းကိုဆွဲသွား
တယ်။ ဒီအခါ တရုတ် ကမ်းခြေစောင့်သင်္ဘောတစ်စင်းရောက်လာပြီး ငါးဖမ်းသင်္ဘောကို ဝင်တိုက်
လိုက်တဲ့အတွက် အင်ဒိုနီးရှား ကင်းလှည့်သင်္ဘော လက်လွှတ်လိုက်ရတယ်။

ဒါပေမဲ့ တရုတ်သင်္ဘောသားရှစ်ဦးကို အင်ဒိုနီးရှားက လွှတ်မပေးတဲ့အတွက် တရုတ်အစိုးရ စိတ်ရှုပ်
သွားခဲ့တယ်။ တရုတ်သင်္ဘောသားတွေကိုတော့ နာတုနားကျွန်း ထောင်ထဲမှာ ထိန်းသိမ်းထားတယ်။

ဂျကာတာမြို့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာ စူဒီက တရုတ်သံရုံး သံမှူးကို ကျူးကျော်မှုဖြစ်ရပ်
အတွက် ဒေါသနဲ့ ဝေဖန်ပြောဆိုခဲ့ပြီး သူ့ဝန်ကြီးဌာနရဲ့ သံတမန် ကြိုးပမ်းမှုတွေကို တမင်ဖျက်ဆီး
တယ်ဆိုပြီး ပြောခဲ့တယ်။

ဒါ့ပြင် တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့အပြု အမူတွေကြောင့် တုန်လှုပ်သွားခဲ့ပြီးနောက် အင်ဒိုနီးရှားရေတပ်က
စစ်သင်္ဘောငါးစင်း တိုးမြှင့်ချထားပြီး သယံဇာတကြွယ်ဝတဲ့ နာတုနားကျွန်း ဝန်းကျင်မှာ ကင်းလှည့်ဖို့
တာဝန်ပေးလိုက်တဲ့အကြောင်း အင်ဒိုနီးရှား အစိုးရက ကြေညာခဲ့တယ်။

တရုတ်သင်္ဘောတွေ ရေပိုင်နက်ကို ကျူးကျော်လို့ ဂျကာတာအစိုးရက စိတ်ဆိုး ဒေါသဖြစ်တာတင်
သက်သက် မဟုတ်ဘဲ ဒီအပြုအမူတွေဟာ နိုင်ငံခြားရေးရာ ကိစ္စတွေမှာ အရေးပါလွန်းတာကြောင့်
အထိမခံတဲ့ ကြားနေ အနေအထားကို တင်းမာစေပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးမှာ
ဘက်လိုက်ဖို့ စေ့ဆော်သလိုဖြစ်တယ်။

နောက်တစ်ခုကတော့ ဂျကာတာအစိုးရ သိနေတာက ကုလသမဂ္ဂခုံရုံးအဖွဲ့ ဆုံးဖြတ်ချက်ကို အထူး
သဖြင့် တရုတ်အစိုးရကိုဆန့်ကျင်တဲ့အဆုံးအဖြတ်ဖြစ်ခဲ့ရင်၊ ပွင့်လင်းစွာထောက်ခံခဲ့ရင် အင်ဒိုနီး
ရှားနိုင်ငံရဲ့ ရည်မှန်းချက်မြင့်မားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု
တွေ ခြိမ်းခြောက်လာမှာကိုလည်း စိုးရိမ်တယ်။

ဒီတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းနဲ့ ဒီဒေသတွင်းရှိကြတဲ့ နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့
သောင်းကျန်းစွာ အာဏာ ကစားမှုကို ဘယ်လိုရင်ဆိုင်နိုင်မလဲ။ သူတို့တစ်တွေရဲ့ အနေအထားဟာ
အတော်ကလေးခက်ခဲတယ်။ ရှင်းနေတဲ့အချက်က ပိုင်ဆိုင်ခြင်းရဲ့မူဟာ ဥပဒေရဲ့အချက်ကိုးချက်
အပေါ် မူတည်တယ်။

တရုတ်အစိုးရဟာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး ကျွန်းတွေကို ရသမျှကျူးကျော်လို့ စစ်ပုံစံသွင်း
မှာပဲ ဖြစ်တယ်။ဒီသဘောထားရဲ့ အကြောင်းပြချက်ကို လေ့လာသုံးသပ်ရရင် လက်ရှိအခြေအနေမှာ
တရုတ်နိုင်ငံမှာ စီးပွားရေးလှိုင်းလေထန် တာကို ဘယ်လိုရပ်အောင်လုပ်ဖို့နဲ့ သံတမန် ဗျူရိုကရေစီကြား
နဲ့ တင်းမာတဲ့ စစ်တပ်အကြား ဘယ်လိုဖျန်ဖြေမလဲဆိုတဲ့ ပဋိပက္ခ ရှိနေတာကို သိဖို့အရေးကြီးတယ်။

အခုချိန်အထိတော့ တရုတ်အစိုးရဟာ နယ်မြေတွေကို အောင်မြင်စွာ ပိုင်ဆိုင်နေပြီး တဇောက်ကန်း
ဆန်တဲ့ စစ်တပ်ကို ပျော်အောင်ထားနေနိုင်ပေမဲ့ ပြည်သူတွေရဲ့ သဘောထားခံယူချက်ကိုတော့
ဆုံးရှုံးနေတယ်။ တောင်တရုတ်ပင်လယ် ကိစ္စနဲ့ပတ်သက်လို့ ရေကြောင်းပိုင်နက် တောင်းဆိုမှုတွေ
အပေါ် မရေရာ မပြတ်သားတဲ့ဗျူဟာကို ပြဋ္ဌန်းလိုက်တာရယ်၊ စစ်မှန်ကြောင်း အထောက်အထား
မပြနိုင်တဲ့ "9-dash line" မျဉ်းအပေါ် အားထားနေတာကြောင့် မျက်နှာ ကောင်းရဖို့ တရုတ်နိုင်ငံရဲ့
ကြိုးပမ်းမှုတွေဟာ အချည်းနှီးဖြစ်နေရတယ်။

နိုင်ငံတစ်နိုင်ငံအနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှု တွေဟာ အငြင်းပွားစရာမရှိဘူးဆိုတဲ့ အမြင်ထားတာဟာ
အပေးအယူလုပ်ဖို့ (သို့) ညှိနှိုင်းဖို့ အခွင့်အလမ်းမပေးတာရယ်၊ ပြီးတော့ တောင်းဆိုမှုတွေကို
အဓိပ္ပာယ်ဖွင့်ဆိုဖို့ ယဉ်ကျေးစွာ ငြင်းပယ်တဲ့အတွက် သံတမန်ရေးရာအနေနဲ့ ဆောင်ရွက်နိုင်ဖို့
အခွင့်မသာဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရပ်ဆဲလ်က ပြောခဲ့တယ်။

မတည်ငြိမ်တဲ့အခြေအနေကို ပိုဆိုးရွား စေတာက အမေရိကန်အစိုးရဟာ သံတမန်နည်းနဲ့
ပြေလည်မှုရရှိဖို့ ခိုင်မာစွာ ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကူညီချင်တယ်လို့ ပြောနေရာက စစ်တပ်
ဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုတဲ့နေရာတိုင်းမှာ ရေကြောင်း၊ လေကြောင်းတို့မှာ သွားလာလှုပ်
ရှားမှု ရှိနေမယ်လို့ အလေးအနက် ပြောဆိုထားပြန်တယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရေတပ် သင်္ဘောတွေ ဥဒဟိုသွားလာနေသလိုပဲ အမေရိကန်
ရေတပ်သင်္ဘောတွေလည်း ဒီအတိုင်းရှိတာပဲလို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂျာမနီနိုင်ငံမှာ မိန့်ခွန်း
ပြောခဲ့တုန်းက ရပ်ဆဲလ်က အလေးအနက် ပြောဆိုခဲ့တယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ထားသင့်တာ တစ်ခုကတော့ လွန်ခဲ့တဲ့ စက်တင်ဘာလက သမ္မတ
အိုဘားမား အလက်စကာပြည်နယ်ကို သွားရောက်ခဲ့စဉ်တုန်းက တရုတ်စစ်သင်္ဘော တွေဟာ
ဘယ်ရင် ရေလက်ကြားကိုဖြတ်ပြီး အမေရိကန် ရေပိုင်နက် အလက်စကာကမ်းရိုးတန်းရဲ့ ရေမိုင်
၁၂ မိုင် အကွာအတွင်းဝင်လာခဲ့တယ်။

အမေရိကန်အစိုးရက ဒီကိစ္စကို မကန့်ကွက်ခဲ့ဘဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာ
တရုတ်ရေတပ် အမေရိကန် ရေပိုင်နက်အတွင်း တရားဝင်ဖြတ်သန်းသွားလာခွင့်ကို အလေး
ထားကြောင်း ပြောဆို ခဲ့တယ်။

တရုတ်အစိုးရကတော့ ဒီလိုထုတ်ပြန်ချက်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘဲ တောင်တရုတ်ပင်လယ်
အတွင်း သူပိုင်တယ်ဆိုတဲ့ ကျွန်းတွေ အနား အမေရိကန်သင်္ဘောတွေ ဖြတ်သန်းသွားတဲ့အခါ
အမြဲတမ်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။

ဒီကျွန်းတွေဟာ အမေရိကန်ပြည်ထောင်စုထက် တရုတ်နိုင်ငံနဲ့ နီးတယ်ဆိုတဲ့အချက်ရယ်၊ ဒီကျွန်း
အများစုဟာ တရုတ်နိုင်ငံထက် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ပိုနီးတယ်
ဆိုတဲ့ အချက်တွေဟာ နိုင်ငံတကာ ဥပဒေအရ မဆီမဆိုင်ဘူးလို့ ဆိုထားတယ်။

ကပ်လျက်တည် ရှိတာနဲ့ မဆိုင်ဘဲ တင်းမာ မှုကြောင့် ပေါက်ကွဲမယ့်အခြေအနေရှိနေတဲ့ အချုပ်အခြာ
အာဏာနဲ့ဆိုင်တဲ့ ပဋိပက္ခကို ပြေလည်စေဖို့ နိုင်ငံတကာဥပဒေနဲ့သာ ဖြေရှင်းရမယ်။ ဒါကြောင့်မို့
လည်းတရုတ်နိုင်ငံနဲ့ ဒီဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအားလုံးဟာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အထူး
ဂရုစိုက်ရင်စိုက်၊ မစိုက်ရင်တော့ မီးတောက်မီးလျှံတွေကြားမှာ ပျောက်ကွယ်သွားနိုင်တယ်။ 

သောင်းညွန့် ဘာသာပြန်သည်။
မြန်မာတိုင်းမ်

မှတ်ချက်များ