တစ်ခါတစ်လေ သူငယ်ချင်းကောင်မလေးတွေထဲမှာလည်း သင့်ကိုတိတ်တိတ်လေး သဘောကျနေတဲ့ ကောင်မလေးတွေရှိတတ်ပါတယ်။ ယောက်ျားလေးတွေက တစ်ခါတစ်လေ သေးသေးမွှားမွှားကအစမြင်တတ်ပေမယ့် ကောင်မလေးတွေရဲ့အထာကိုတော့ သိပ်နားမလည်တတ်ကြပါဘူး။ ဒီတော့သင့်သူငယ်ချင်းကောင်မလေးတွေထဲမှာ သင့်ကိုခိုက်နေတဲ့ကောင်မလေးရှိမရှိအောက်ပါအချက်လေးတွေနဲ့ တိုက်ကာစစ်ဆေးကြည့်ပါ။
(၁) အပြုံး
ရိုးရိုးပြုံးတာနဲ့ အထာပေးပြီးပြုံးတာကွာပါတယ်။ သေချာကြည့်တတ်ဖို့တော့လိုပါလိမ့်မယ်။ အဓိပ္ပါယ်ကောက်လွဲရင်လည်းတိုင်ပတ်တတ်ပါတယ်။သင့်ကိုခိုက်နေတဲ့ကောင်မလေးတွေပြုံးရင် ဖြည်းဖြည်းချင်းပြုံးပြီး မျက်လုံးထဲမှာမေတ္တာရည်တွေရွှန်းလဲ့နေပါလိမ့်မယ်။ တစ်ခါတစ်လေ ရှက်လည်းရှက်နေပါလိမ့်မယ်။
(၂) ဆံပင်ခါခြင်း
ဆံပင်ကိုကလိခြင်းက ဟိုးအရင်ကတည်းက မိန်းကလေးတွေရဲ့ ပုံသေအထာပေးနည်းပါ။ တစ်ခါတစ်လေ ဆံပင်ခါမယ်၊တစ်ခါတစ်လေ ဆံပင်ကိုလိမ်မယ်၊ တစ်ခါတစ်လေ ဆံပင်ကိုပွတ်သပ်နေမယ်၊ အဲ့ဒါတွေအားလုံးက သင့်ကိုသတိထားမိစေချင်လို့ပါ။
(၃) နှုတ်ခမ်းကိုက်ခြင်း
ကောင်မလေးက သင့်ကိုကြည့်ပြီး နှုတ်ခမ်းကိုက်တယ်ဆိုရင်တော့ သင့်ကိုစိတ်ဝင်စားနေတာ သေချာပါတယ်။ (စိတ်ဆိုးလို့ ကိုက်တဲ့ပုံစံတော့မဟုတ်ဘူးနော်)
(၄) အခြားသူငယ်ချင်းများထက်ပိုဂရုစိုက်ခြင်း
သင့်ကိုသဘောကျနေတဲ့ ကောင်မလေးက အခြားသူငယ်ချင်းတွေနဲ့တူမှာမဟုတ်ပါဘူး။ သင့်အပေါ်မှာ အခြားသူတွေထက်ကိုပိုပြီး ဂရုစိုက်နေပါလိမ့်မယ်။ သင်ကအခြားကိစ္စတွေကြောင့် သတိထားမိချင်မှထားမိလိမ့်မယ်။ တကယ်သတိထားကြည့်ရင်တော့ သိနိုင်ပါတယ်။
(၅) သင်ရည်းစားထားမှာကိုသူကြောက်တယ်။
သင်ရည်းစားရသွားမှာကို သူအရမ်းကြောက်ပါတယ်။ မိန်းကလေးမို့သူကတိုက်ရိုက်တားဆီးလို့မရပေမယ့် သင့်ကိုတစ်နည်းနည်းနဲ့ အခြားမိန်းကလေးတွေနဲ့ မနီးစပ်အောင် သူကြိုးစားပါလိမ့်မယ်။
(၆) သင့်ကိုတစ်ခါတစ်လေ ခိုးခိုးပြီးငေးကြည့်တတ်တယ်။
မိန်းကလေးတွေက ယောက်ျားလေးတွေလို ပေါ်တင်ကြည့်လို့မရတော့ ခိုးကြည့်ရပါတယ်။ တစ်ခါတစ်လေ သင်သတိထားမိရင် သင့်ကိုခိုးကြည့်နေတာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် သင်သိသွားတာနဲ့ အကြည့်ချင်းလွှဲဖို့ကြိုးစားပါလိမ့်မယ်။
(၇) သင့်အတွက် အမြဲအသင့်ရှိနေတတ်တယ်။
သင်တစ်ခုခုလိုအပ်လာတိုင်း အခြားသူတွေနဲ့မတူပဲ သူက အမြဲအသင့်ရှိနေပေးတတ်ပါတယ်။ သင့်ကိုအကြံပေးဖို့၊ သင့်ကိုအားပေးဖို့ သူအမြဲရှိနေပါလိမ့်မယ်။
အထက်ပါအချက်တွေတော်တော်များများပြည့်စုံမှ သင့်ကိုသဘောကျနေတယ်လို့ယူဆပါ။ တစ်ချက်၂ချက်လောက်ဆိုရင်တော့ သင့်ကိုအရမ်းခင်တာလည်းဖြစ်နိုင်ပါတယ်။
Source: lovepanky
Shwemom

မှတ်ချက်များ