ညှို့ချက်ပြင်းသော လိင်ဆွဲဆောင်မြှု ပုလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုများကို တရုတ်ပိတ်ပင်


Webcam မော်ဒယ်များက ညှို့ချက်ပြင်းသော လိင်ဆွဲဆောင်မှုဖြင့် ငှက်ပျောသီးစားပြသည့် ဗီဒီယိုများအား အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို တားဆီးပိတ်ပင်ရန်အတွက် တရုတ်အာဏာပိုင်များက စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအပြောင်းအလဲသည် လိင်စိတ်နှိုးဆွမှုနှင့် မသင့်တော်သည့် အခြား web content တို့ကို တရုတ်အာဏာပိုင်များက ထိန်းချုပ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း BBC မှဖော်ပြခဲ့သည်။ လိင်ပိုင်းဆိုင်ရာ နှိုးဆွပေးသည့် ငှက်ပျောသီးစားသည့် ဗီဒီယိုတွင် ပါဝင်သော လူများကို stocking သို့မဟုတ် suspender များ ဝတ်ဆင်ခြင်းကိုလည်း တားမြစ်ထားသေးသည်။

ထိုအလုပ်များကို ပြုလုပ်နေသည့် webcam အလှပြမော်ဒယ်တစ်ဦးတွင် ကြည့်ရှုသူ အတော်အသင့်ရှိပါက ချောကလက်နှင့် ဒီဇိုင်နာအိတ်များကဲ့သို့ “virtual လက်ဆောင်များ” ရရှိမှုအပါအဝင် တစ်လလျှင် ဝင်ငွေ ယွမ် ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၁၅,၃၀၀) ခန့်ရှိကြောင်း Shanghaiist မှဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ပရိသတ်ထံမှ ရရှိသည့် အရာများကို ထက်ဝက်ဈေးဖြင့် streaming ကုမ္ပဏီများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံရှိ ကျော်ကြားထင်ရှားသူများသည်လည်း Instagram တွင် အလားတူ နည်းလမ်းဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာလျက်ရှိသည်။

တရုတ်လူမှုအဖွဲ့အစည်းက အစိုးရအနေဖြင့် စည်းမျဉ်းများကို မည်သို့ ကျင့်သုံးမည် ဖြစ်ကြောင်း စောင့်ကြည့်လျက်ရှိကြသည်။

Ref: TheNextWeb
စိုးထက် - internetjournal

မှတ်ချက်များ