ဟိုတယ္မွာ ၇ ရက္တိတိ အျပင္လုံးဝ မထြက္ တဲ့ စုံတြဲႏွစ္ဦး ရဲ႕ အျဖစ္မွန္
Zawgyi ျဖင့္ဖတ္ရန္
ဒီအျဖစ္အပ်က္ကေတာ့ ႏိုင္ငံရပ္ျခားမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ရီစရာလည္းေကာင္းသလို ထူးလဲထူးျခားတာမို႔ တင္ဆက္ေပးလိုက္ပါတယ္ေနာ္တင္ဆက္ေပးလိုက္ပါတယ္ေနာ္
ျဖစ္စဥ္ကေတာ့ စုံတြဲ ၂ ဦးဟာ ၇ ရက္တိတိ အဆင့္ျမင့္ဟိုတယ္ တစ္ခုမွာ အခန္းငွားခဲ့ၿပီး လုံးဝထြက္မလာတဲ့ အတြက္ ဟိုတယ္ပိုင္ရွင္က သြားၾကည့္ရာမွ အျဖစ္မွန္ေပၚေပါက္ခဲ့တာပါ ပစၥည္းပို႔သမားေယာင္ေဆာင္ကာ ပိုင္ရွင္ကိုယ္တိုင္ သြားၾကည့္ခဲ့တာျဖစ္ၿပီး အခန္းဝကေန ေခ်ာင္းၾကည့္ရာမွာေတာ့ အမႈိက္ပုံႀကီးကို ေတြ႕ ျမင္ခဲ့ရတာပါ ဟိုတယ္အခန္း ေနရာအႏွံ႔မွာ စားႂကြင္းစားက်န္မ်ား အမႈိက္မ်ား ျပန္႔က်ဲၿပီး စည္းကမ္းမဲ့ ပစ္ထားတာေၾကာင့္ အနံ႔ေတြက မေကာင္းေတာ့သလို အခန္းထဲက အသုံးအေဆာင္ ပစၥည္းအခ်ိဳ႕လည္း ဖ်က္ဆီးခံထားရတာကိုေတြ႕ရပါတယ္ ဒီလူငယ္စုံတြဲဟာ ေက်ာင္းပေရာဂ်က္တစ္ခုကို အရာရာျပည့္စုံတဲ့ ဒီဟိုတယ္မွာလာေရာက္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး သူတို႔ေၾကာင့္ အခန္းပ်က္စီးမႈတန္ဖိုး ေဒၚလာ ၄၀၀၀ ဖိုးအထိရွိသြားခဲ့တာပါ
ဟိုတယ္ကလူေတြကေတာ့ ဒီလူငယ္စုံတြဲကို အိပ္ယာလိပ္နဲ႔လိပ္ကာခ်ဳပ္ထားခဲ့တာျဖစ္ၿပီး ရဲေတြေရာက္လာမွသာ လႊဲေျပာင္းေပးခဲ့တာပါ သူတို႔ႏွစ္ဦး ပြရႈပ္ထားတဲ့ ပုံေတြကို လူမႈကြန္ယက္မွာ တင္လိုက္တဲ့အခါမွာေတာ့ အားလုံးက ဟိုတယ္ပိုင္ရွင္ဘက္ ကေန စာနာသနားၾကၿပီး စုံတြဲကိုေတာ့ သင္ထားတဲ့ ပညာေတြနဲ႔မလိုက္ စုတ္ပဲ့လြန္းလိုက္ၾကတာလို႔ ေဝဖန္လွ်က္ရွိပါတယ္။ ။
Magic(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ဟိုတယ်မှာ ၇ ရက်တိတိ အပြင်လုံးဝ မထွက် တဲ့ စုံတွဲနှစ်ဦး ရဲ့ အဖြစ်မှန်
ဒီအဖြစ်အပျက်ကတော့ နိုင်ငံရပ်ခြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရီစရာလည်းကောင်းသလို ထူးလဲထူးခြားတာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်တင်ဆက်ပေးလိုက်ပါတယ်နော်
ဖြစ်စဉ်ကတော့ စုံတွဲ ၂ ဦးဟာ ၇ ရက်တိတိ အဆင့်မြင့်ဟိုတယ် တစ်ခုမှာ အခန်းငှားခဲ့ပြီး လုံးဝထွက်မလာတဲ့ အတွက် ဟိုတယ်ပိုင်ရှင်က သွားကြည့်ရာမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့တာပါ ပစ္စည်းပို့သမားယောင်ဆောင်ကာ ပိုင်ရှင်ကိုယ်တိုင် သွားကြည့်ခဲ့တာဖြစ်ပြီး အခန်းဝကနေ ချောင်းကြည့်ရာမှာတော့ အမှိုက်ပုံကြီးကို တွေ့ မြင်ခဲ့ရတာပါ ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်းစားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့် အနံ့တွေက မကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ် ဒီလူငယ်စုံတွဲဟာ ကျောင်းပရောဂျက်တစ်ခုကို အရာရာပြည့်စုံတဲ့ ဒီဟိုတယ်မှာလာရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူတို့ကြောင့် အခန်းပျက်စီးမှုတန်ဖိုး ဒေါ်လာ ၄၀၀၀ ဖိုးအထိရှိသွားခဲ့တာပါ
ဟိုတယ်ကလူတွေကတော့ ဒီလူငယ်စုံတွဲကို အိပ်ယာလိပ်နဲ့လိပ်ကာချုပ်ထားခဲ့တာဖြစ်ပြီး ရဲတွေရောက်လာမှသာ လွှဲပြောင်းပေးခဲ့တာပါ သူတို့နှစ်ဦး ပွရှုပ်ထားတဲ့ ပုံတွေကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါမှာတော့ အားလုံးက ဟိုတယ်ပိုင်ရှင်ဘက် ကနေ စာနာသနားကြပြီး စုံတွဲကိုတော့ သင်ထားတဲ့ ပညာတွေနဲ့မလိုက် စုတ်ပဲ့လွန်းလိုက်ကြတာလို့ ဝေဖန်လျှက်ရှိပါတယ်။ ။
Magic(Shwe Yaung Lan)


မှတ်ချက်များ